ပေပေါင်း ၁၅၀၀ မြင့်တဲ့တောင်ပေါ်မှာ လှေကားထစ် ၄၀၀ ကို ထွင်းပေးခဲ့တဲ့ အမျိုးသား
ဘီဟာပြည်နယ်က၂၅ ပေ မြင့်တဲ့တောင်ကုန်းတစ်လျှောက် ပေ ၃၀ ကျယ်ဝန်းပြီး ပေ၃၆၀ရှည်တဲ့လမ်းကိုတူတစ်ခုပဲအသုံးပြုပြီး ဖောက်ခဲ့တဲ့ဒက်ရှ်ရက်မန်ဂျီဆိုတဲ့ အလုပ်ကြမ်းသမားအကြောင်း ကြားဖူးကြမယ်ထင်ပါတယ်။
၂၀၁၅ ခုနှစ်က သူ့ဘဝအကြောင်းကို Manjhi –The Mountain Man နာမည်နဲ့ဇာတ်ကားတောင်ရိုက်ကူးခဲ့ကြပါတယ်။
အခုလည်းဘီယာပြည်နယ်က နောက်ထပ်အမျိုးသားတစ်ယောက်က ဒက်ရှ်ရက်မန်ဂျီလို လုပ်ရပ်မျိုးလုပ်ခဲ့ပါတယ်။ အခုဆို သူ့ကို “Manjhi 2.0 “လို့ ခေါ်ဆိုနေကြပါတယ်။
မကြာသေးခင်က ဂါနာရီ ပါစ်ဝမ်ဆိုတဲ့ အဲဒီအမျိုးသားက သူ့ရဲ့လက်တွေကို အသုံးပြုပြီး ဘုရားကျောင်းတစ်ကျောင်းဆီ ဦးတည်နေတဲ့ တောင်ပေါ်မှာ လှေကားထစ် ၄၀၀ ကို ထွင်းခဲ့ပါတယ်။
သူဟာ ဘီယာပြည်နယ်၊ ဂျာရူဘန်ဝါရီယာရွာမှာ နေထိုင်သူဖြစ်ပါတယ်။ သူက Baba Yogeshwar Nath ဘုရားကျောင်းဆီဦးတည်နေတဲ့ တောင်ပေါ်မှာ လှေကားထစ်တွေ ထွင်းဖို့ (၈) နှစ်ကြာ လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
သူက တူနဲ့ ဆောက်လို အခြေခံပစ္စည်းကိရိယာတွေကိုသာ အသုံးပြုပြီး လှေကားထစ်တွေကို ဖန်တီးခဲ့တာပါ။
သူ့သူငယ်ချင်းတွေနဲ့ မိသားစုတွေကလည်း ရံဖန်ရံခါ လိုက်ပြီး ကူညီပေးကြတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
လူတော်တော်များများအတွက် (အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်နဲ့ မသန်စွမ်းသူတွေ) Yogeshwar Nath ဘုရားကျောင်းကို သွားတဲ့ခရီးက ခက်ခဲတယ်ဆိုတာ ဂါနာရီသိပြီး အခုလို လှေကားထစ်တွေထွင်းပေးခဲ့တာပါ။
“ဒီစိတ်ရှည်သည်းခံမှုနဲ့ခွန်အားတွေ ဘယ်ကရလာမှန်းမသိဘူး။ ဒါက ကျွန်တော့်အတွက် အလုပ်တစ်ခုလိုတစ်ခါမှမခံစားခဲ့ရဖူးဘူး။
တောင်ပေါ်မှာတစ်နေ့လုံးအလုပ်လုပ်နေရတာ ပျော်တယ်။ Baba Bholenath ကို ကိုးကွယ်ဆည်းကပ်သူတွေကို ဘုရားကျောင်းဆီ လွယ်လွယ်နဲ့ရောက်အောင် လုပ်ပေးချင်ခဲ့ရုံပါပဲ” လို့ ဂါနာရီက ဆိုပါတယ်။
လှေကားထစ်တွေ ထွင်းရင်း ဂါနာရီ ရင်ဆိုင်ခဲ့တဲ့ စိန်ခေါ်မှုဟာ လှေကားထစ်ထွင်းခဲ့တဲ့ နှစ်တွေမှာ သူ့မိသားစုနဲ့ သိပ်မတွေ့ဖြစ်ခဲ့ရတာပါပဲ။
crd