News

ငါးမန်းဖြူကို ချက်ပြုတ်စားသောက်ခဲ့လို့ ဒေါ်လာ ၁၈၅၀၀ ဒဏ်ရိုက်ခံရတဲ့ အစားအသောက်ဘလော့ဂါ

ငါးမန်းဖြူကို ချက်ပြုတ်စားသောက်ခဲ့လို့ ဒေါ်လာ ၁၈၅၀၀ ဒဏ်ရိုက်ခံရတဲ့ အစားအသောက်ဘလော့ဂါ

ပြီးခဲ့တဲ့နှစ်က တရုတ်လူမျိုးအစားအသောက်ဘလော့ဂါတစ်ဦးဟာ တရုတ်နိုင်ငံမှာ ကာကွယ်စောင့်ရှောက်ခံထားရတဲ့ငါးမန်းဖြူကြီးတစ်ကောင်ကို ဝယ်ယူပြင်ဆင်ချက်ပြုတ်စားသောက်တဲ့ဗီဒီယိုကို တင်ခဲ့ပြီးတဲ့နောက်မှာ ဒေါ်လာ ၁၈၅၀၀ ခန့် ဒဏ်ရိုက်ခံခဲ့ရပါတယ်။

တီဇီလို့ လူသိများတဲ့ အစားအသောက်ဘလော့ဂါက အရှည် ၆ ပေရှိတဲ့ ငါးမန်းကို ဝယ်ယူပြီး ချက်ပြုတ်စားသောက်ပြတဲ့ ဗီဒီယိုကို တရုတ်လူမှုကွန်ယက် Douyin မှာ တင်ခဲ့တာပါ။

ဗီဒီယိုထဲမှာ ငါးမန်းဟာ ကြမ်းတမ်းပုံပေါ်ပေမဲ့ အသားက တကယ်နူးညံ့တယ်လို့လည်း ပြောခဲ့ပါသေးတယ်။

နန်ချွန်မြို့က ရဲတွေဟာ တီဇီက ငါးမန်းဖြူကို တရားမဝင် ဝယ်ယူချက်ပြုတ်စားသောက်နေတာဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေခဲ့တာပါ။

ရဲတွေက ဒီငါးမန်းက မျိုးသုဉ်းလုနီးပါးဖြစ်နေတဲ့ ငါးမန်းဖြူတစ်ကောင်ဖြစ်ပြီး တီဇီ ယူဆထားတဲ့ hooktooth ငါးမန်းတစ်ကောင်မဟုတ်ဘူးလို့ အခိုင်အမာယုံကြည်ထားခဲ့တာပါ။

အာဏာပိုင်တွေက တစ်သျူးအပိုင်းအစတွေကို DNA ခွဲခြမ်းစိတ်ဖြာမှု ပြုလုပ်ကြည့်တော့ တီဇီ ဝယ်ယူခဲ့တဲ့ ငါးမန်းကငါးမန်းဖြူတစ်ကောင်ဖြစ်တာကိုအတည်ပြုခဲ့ပြီးတဲ့နောက်မှာ

တီဇီက တရုတ်ရဲ့တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးဥပဒေကို ချိုးဖောက်ခဲ့တာ တွေ့ရှိခဲ့တယ်လို့ ဇန်နဝါရီ ၂၈ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နာမည်အရင်း ကျင်မူမူ လို့သိရတဲ့ အစားအသောက်ဘလော့ဂါက ယွမ် ၁၂၅၀၀၀ (ဒေါ်လာ ၁၈၅၀၀ခန့်) ဒဏ်ရိုက်ခံခဲ့ရတယ်။

သူ့ကို ငါးမန်းရောင်းချခဲ့တဲ့ ငါးဖမ်းသမားနဲ့ငါးဒိုင်သမားကိုလည်း ဖမ်းဆီးထားတယ်လို့ ထုန်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အရင်ကလည်း တီဇီဟာ ဖော်လိုဝါ ၇.၈ သန်းရှိတဲ့ သူ့ရဲ့ Douyin အကောင့်မှာ မိကျောင်းနဲ့ ငှက်ကုလားအုတ်အပါအဝင် ထူးဆန်းတဲ့ တိရစ္ဆာန်တွေစားသုံးတဲ့ ဗီဒီယိုတွေကိုလည်း တင်ခဲ့ဖူးပါတယ်။

crd