News

သိပ္ပံပညာရှင်အိုင်းစတိုင်းထက် IQ ပိုမြင့်ပြီး နက္ခတ္တဗေဒဘာသာရပ်အတွက် ကောလိပ်တောင်တက်နေပြီဖြစ်တဲ့ ၈ နှစ်အရွယ် ကလေးမလေး (ရုပ်သံ)

သိပ္ပံပညာရှင်အိုင်းစတိုင်းထက် IQ ပိုမြင့်ပြီး နက္ခတ္တဗေဒဘာသာရပ်အတွက် ကောလိပ်တောင်တက်နေပြီဖြစ်တဲ့ ၈ နှစ်အရွယ် ကလေးမလေး (ရုပ်သံ)

အခြားရွယ်တူကလေးများကမူလတန်းကျောင်းတက်နေဆဲဖြစ်သလိုအချို့ကလည်းအခုမှစာအရေး၊အဖတ်ကိုစတင်သင်ယူနေချိန်မှာတော့မက္ကဆီကိုနိုင်ငံမက္ကဆီကိုမြို့ရှိ

ဆင်းရဲနွမ်းပါး တဲ့ကျေးရွာမှ အသက် ၈ နှစ်အရွယ် Adhara Perez Sanchez အမည်ရှိမိန်းကလေးငယ်တစ်ဦးကတော့ ကောလိပ်တောင်တက်နေပြီဖြစ်သလို အွန်လိုင်းကောလိပ်နှစ်ခုလည်း ပြီးသွားခဲ့ပြီဖြစ်ပါတယ်။

ကလေးများအတွက်ဗီဒီယိုဂိမ်းများသို့မဟုတ်အခြားပျော်စရာဂိမ်းများဖြင့်ဆော့ကစားမည့်အစားAdhara Perez Sanchez ဟာစာသင်ဖို့ကိုသာ ကြိုက်နှစ်သက်ပါတယ်။ ဂိမ်းများက အချိန်ဖြုန်းတဲ့အရာလို့တွေးပြီး သူမဟာ ပညာရေးဆိုင်ရာ စာအုပ်များကို ဖတ်ချင်သူတစ်ဦးဘဲဖြစ်ပါတယ်။

သူမအကြိုက်ဆုံးဘာသာရပ်မှာ နက္ခတ်ဗေဒင်ဖြစ်ပြီး သူမမှာ သူမအကြိုက်ဆုံးအရုပ်ဖြစ်တဲ့ အာကာသယာဉ်မှူး Barbie ရုပ်တစ်ရုပ်လည်းရှိနေပါတယ်။

ဤအထင်ကြီးစရာကောင်းတဲ့ ကလေးမလေးဟာ မူကြို၊ မူလတန်း၊ အထက်တန်းကျောင်းနှင့် Universidad Tecnológica de México (UNITEC) တွင် သင်္ချာဆိုင်ရာ စက်မှုအင်ဂျင်နီယာဘာသာရပ်နှင့် ပြည့်စုံသောအမျိုးသားဆိုက်ဘာလုံခြုံရေးအစပြုမှု (CNCI) လက်အောက်ရှိ စနစ်အင်ဂျင်နီယာပညာရပ်တို့ကို သင်ယူပြီးမြောက်ပြီးခဲ့ပြီဘဲဖြစ်ပါတယ်။

သို့ပေမဲ့ သူမဟာ နက္ခတ္တဗေဒဘာသာရပ်ကိုတက္ကသိုလ်တစ်ခုမှာ လေ့လာသင်ယူနိုင်ရန်အထူးသဖြင့် University of Arizona (UA) တွင်ကျောင်းတက်ခွင့်ရရန် မျှော်လင့်နေဆဲဖြစ်ပါတယ်။

ကလေးမလေးရဲ့ဆန္ဒကိုသိရှိရပြီးနောက် UA ဥက္ကဌ Robert Robbins က “ကျွန်တော်တို့မှာ ထူးချွန်တဲ့ အာကာသသိပ္ပံပရိုဂရမ်တွေအများကြီးရှိပါတယ်၊

မင်းဟာ ကမ္ဘာ့ထိပ်တန်း ကျွမ်းကျင်သူတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ အခွင့်အလမ်းများစွာရှိမှာပါ” ဟူတဲ့ ဖိတ်ကြားစာတစ်စောင်ဖြင့် သူမသို့ ပေးပို့ခဲ့ပါတယ်။

ထို့နောက် Robbins ဟာ Adhara ကို နက္ခတ္တဗေဒဌာန သို့မဟုတ် လနှင့် ဂြိုဟ်သိပ္ပံဓာတ်ခွဲခန်းသို့ချိတ်ဆက်ရန် ကမ်းလှမ်းခဲ့ပါသေးတယ်။ထို့နောက် သမီးဖြစ်သူနှင့်ပတ်သက်ပြီး အခြားကလေးများက သူမကို ထူးဆန်းတယ်လို့ထင်ကြတာကြောင့် Adhara မှာ ခက်ခဲတဲ့ကလေးဘဝရှိခဲ့ကြောင်း မိခင် Nanelly Sanchez က ဖွင့်ဟခဲ့ပါတယ်။

“ သမီးလေး Adhara က ကျောင်းမှာဆို သီးသန့်နေနေတတ်တယ်၊ တစ်ခါက ကျောင်းမှာ Adhara က အခန်းထဲမှာကစားနေတာကိုတွေ့တော့ အခြားကလေးတွေက သူမကို သူတို့နဲ့အတူ အခန်းတံခါးကိုသော့ခတ်ထားခဲ့ကြတယ်။

ပြီးတော့ သူတို့က Adhara ကို ‘ ထူးဆန်းတယ်၊ ထူးဆန်းတယ်’လို့စပြီး သူမကိုစပြီးရိုက်နေခဲ့ကြတယ်။

ဒါ့ကြောင့် Adhara က ကျောင်းမတက်ချင်ဘူးလို့ ပြောလာပြီး သူမ အရမ်းစိတ်ဓာတ်ကျသွားခဲ့တယ်” လို့ Nanelly က ပြန်ပြောပြခဲ့ပါတယ်။

ထို့နောက် မိခင်ဖြစ်သူဟာ စိတ်ပညာရှင်တစ်ဦးနှင့်သွားတွေ့ခဲ့ပြီးနောက်မှာ သမီးဖြစ်သူထံမှ Asperger’s syndrome ရောဂါကိုရှာဖွေတွေ့ရှိခဲ့ရပါတယ်။

ထို့နောက် စိတ်ပညာရှင်ကလည်း အာရုံစူးစိုက်မှုစွမ်းရည်ဗဟိုဌာန (CEDAT) သို့ ခေါ်သွားကြည့်ပါဟု မိခင်ဖြစ်သူအား အကြံပြုလိုက်ပြီးနောက်မှာ သူမရဲ့သမီးက သူ့အသက်အရွယ်နဲ့ လိုက်လျောညီထွေမှုမရှိဘဲ

IQ 162 ရှိနေပြီး သမီးဖြစ်သူဟာ သိပ္ပံပညာရှင် Albert Einstein နဲ့ Stephen Hawking တို့ရဲ့ IQ ထက် 2 မှတ် ပိုများနေတယ်ဆိုတာကို သိလိုက်ရတော့ Nanelly ဟာ သူမ အတော်လေး အံ့ဩသွားခဲ့ရကြောင်း ပြန်လည်ပြောပြခဲ့ပါသေးတယ်။

ရုပ္သံ

crd