ခြေထောက်တစ်ဖက်တည်းသာရှိသော်လည်း အွန်လိုင်းမှ မှာယူသူတို့၏ပစ္စည်းတွေကို ဝယ်ယူပေးပြီး ပစ္စည်းပို့သူအနေဖြင့်လုပ်ကိုင်ကာ မိဘကိုလုပ်ကျွေးနေသည့် သားလိမ္မာ
မကြာသေးမီက မသန်စွမ်းအမျိုးသား ပို့ဆောင်ရေးအလုပ်သမားတစ်ဦး၏အလုပ်လုပ်ကိုင်နေသောဗီဒီယိုလေးဟာအွန်လိုင်းပေါ်တွင်ပျံနှံလာခဲ့ပါတယ်။
အလုပ်တစ်ခုလုပ်ရာတွင် ယုံကြည်စွာအပ်နှံသူတို့၏ စိတ်ကျေနပ်မှုကို ရရှိစေရန် အကောင်းဆုံးကြိုးစားရန်အထူးလိုအပ်လှပါတယ်။
Ton Tan Quocဆိုသည့် အသက်၂၁နှစ်အရွယ် လူငယ်လေးသည် ခြေထောက်တစ်ဖက်သာရှိပြီး ခြေလှမ်းတိုင်းအတွက်ခက်ခဲနေသူဖြစ်ပါတယ်။
သို့သော် မိခင်ဖြစ်သူကို လုပ်ကျွေးပြုစုနိုင်ရန်အတွက် ပစ္စည်းပို့သူအနေဖြင့် အကောင်းဆုံးကြိုးစားကာ လုပ်ဆောင်နေသူဖြစ်ပါတယ်။
လိုင်းပေါ်က မှာယူလိုက်သည့် ပစ္စည်းတွေကို အမြန်ဆုံးဖြစ်အောင် ဝယ်ယူပေးပြီး တတ်နိုင်သောအားလေးဖြင့် အပြေးအလွှားပို့ဆောင်ပေးနေသူဖြစ်ပါတယ်။
crd