မွေးရာပါလက်နှစ်ဖက်လုံးမရှိသော်လည်း စိတ်ပျက်အားငယ်နေခြင်းမရှိဘဲ လမ်းဘေးမှာ အရုပ်လေးတွေလုပ်ပြီး ရိုးသားစွာရှာဖွေစားသောက်နေသည့် လေးစားဖွယ်အမျိုးသား
ကိုယ်လက်အင်္ဂါစုံလင်စွာဖြင့်အသက်ရှင်ခွင့်ရနေသည်ကပင်အလွန်ထူးကဲသော ဘုန်းကံကိုရရှိနေပြီဆိုတာကိုအချို့၏ချို့တဲ့မှုတွေကိုမြင်တွေ့လိုက်သည့်အချိန်တွင် နားလည်သဘောပေါက်နိုင်ပြီဖြစ်ပါတယ်။
ဘဝ၏ဆင်းရဲသောအခြေအနေတစ်ခုတွင် ကိုယ်အင်္ဂါချို့တဲ့သူများအတွက် အသက်ရှင်နေထိုင်ရန်အတော်လေးကိုခက်ခဲလှပါတယ်။ယခုတွင်လည်း တရုတ်နိုင်ငံမှ အမျိုးသားတစ်ဦးသည် လက်နှစ်ဖက်လုံးမရှိသူတစ်ယောက်ဖြစ်ပါတယ်။
သို့သော် အမျိုးသားသည် ချို့တဲ့နေမှုအတွက် သိမ်ငယ်နေခြင်းလုံးဝမရှိဘဲ လမ်းဘေးတွင် စျေးရောင်းပြီးစားဝတ်နေရေးဖြေရှင်းနေခဲ့ပါတယ်။
အမျိုးသားဟာ လက်နှစ်ဖက်မရှိသော်လည်း ချစ်စဖွယ်အရုပ်လေးတွေကို ကိုယ်တိုင်ဖန်တီးပြီး ချီးကျူးဖွယ်လက်မှုပညာဖြင့် ရိုးသားစွာအသက်ရှင်သန်ရန် ရုန်းကန်နေခဲ့ပါတယ်။
crd