ဗဟုသုတ

လွန်ခဲ့တဲ့အနှစ် ၂၀ က ထားခဲ့တဲ့ကတိအတိုင်း တက္ကသိုလ်တစ်ခုတည်းမှာပဲ ဘွဲ့အတူတူယူခဲ့ကြတဲ့ အမေနဲ့သားဖြစ်သူ

လွန်ခဲ့တဲ့အနှစ် ၂၀ က ထားခဲ့တဲ့ကတိအတိုင်း တက္ကသိုလ်တစ်ခုတည်းမှာပဲ ဘွဲ့အတူတူယူခဲ့ကြတဲ့ အမေနဲ့သားဖြစ်သူ

ဘွဲ့အတူတူယူမယ်ဆိုတဲ့ကတိထားခဲ့ပြီး နှစ် (၂၀)အကြာမှာ မေရီလန်းပြည်နယ်က မိခင်တစ်ဦးနဲ့သားဖြစ်သူတို့ဟာ တက္ကသိုလ်တစ်ခုတည်းကနေ ဘွဲ့အတူတူရရှိခဲ့ကြပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့က အသက် ၂၃ နှစ်အရွယ် အီမန်နျူရယ် ပတ်တွန်နဲ့ မိခင်ဖြစ်သူ အသက် ၆၃ နှစ်အရွယ် ကာရိုလင်တို့ဟာ University of Maryland Global Campus ကနေ ဘွဲ့ကိုယ်စီရယူခဲ့ကြတာပါ။

ကာရိုလင်က လူမှုဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့ပြီး အီမန်နျူရယ်က ပြည်သူ့ဘေးကင်းရေးစီမံခန့်ခွဲမှုဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့တာပါ။

အီမန်နျူရယ် သူငယ်တန်းတုန်းက အတူတူဘွဲ့ယူကြမယ်လို့ သူ့မိခင်ကို ကတိပေးခဲ့တယ်လို့ သိရပါတယ်။

အီမန်နျူရယ်ရဲ့မိခင် ကာရိုလင်ကတက္ကသိုလ်ဘွဲ့တစ်ခုရဖို့အမြဲတမ်းတွန်းအားပေးခံခဲ့ရပေမဲ့ သူ့ရဲ့တစ်နေ့တာအလုပ်တွေက အတားအဆီးဖြစ်ခဲ့တာပါ။

သူက Community College ကနေအီလက်ထရွန်နစ်နည်းပညာတွဲဖက်ဘွဲ့တစ်ခုနဲ့Anne Arundel Community College ကနေနောက်ထပ်တွဲဖက်ဘွဲ့တစ်ခုရရှိခဲ့ပေမဲ့ တက္ကသိုလ်ဘွဲ့တစ်ခုကို ရဖို့ (၂) ကြိမ်ကြိုးစားခဲ့ရတာပါ။

တက္ကသိုလ်ဘွဲ့ရဖို့ လုပ်နေတဲ့ သူ့သားကတက္ကသိုလ်ဘွဲ့တစ်ခုရချင်တဲ့သူ့ရဲ့အိပ်မက်ကိုရရှိဖို့ အဆက်မပြတ်တွန်းအားပေးခြင်းဖြင့် ကူညီပေးခဲ့ပါတယ်။

အလုပ်လုပ်ရင်း ဘွဲ့ရအောင်လုပ်ဖို့ ခက်ခဲတယ်ဆိုတာကို ကာရိုလင် သိထားပါတယ်။ဒါပေမဲ့ လွန်ခဲ့တဲ့ (၂) နှစ်က သူတို့သားအမိဟာ ကျောင်းစာတွေလုပ်ဖို့ အချင်းချင်းအားပေးကူညီပေးဖြစ်ခဲ့ကြပါတယ်။

တစ်ခါတလေ ကာရိုလင်က (၈) နာရီကြာအလုပ်လုပ်ပြီးတဲ့နောက် စာလေ့လာဖို့ အာရုံစိုက်လို့မရခဲ့တာတွေရှိခဲ့ပါတယ်။

ဒါပေမဲ့ အတူတူစာလေလာဖို့ အချင်းချင်းတွန်းအားပေးကူညီရင်းနဲ့ နောက်ဆုံးမှာ သူတို့သားအမိက ဘွဲ့ရသွားခဲ့ပါတယ်။

ကာရိုလင်က သူ့အလုပ်တိုးတက်ဖို့အတွက် သူ့ရဲ့တက္ကသိုလ်ဘွဲ့ကို အသုံးချဖို့ ရည်ရွယ်ထားပါတယ်။

အီမန်နျူရယ်ကတော့ ပညာရေးဆိုင်ရာအကြံပေးတဲ့အပိုင်းမှာ အလုပ်တစ်ခုရဖို့ လုပ်ဆောင်နေပါတယ်။

crd