ဗဟုသုတ

တိုင်တန်းနစ်သင်္ဘောနစ်မြုပ်မှုမှာ အသက်ရှင်လွတ်မြောက်ခဲ့ပြီး ဆရာဝန်တွေကို အံ့အားသင့်စေခဲ့သူ

တိုင်တန်းနစ်သင်္ဘောနစ်မြုပ်မှုမှာ အသက်ရှင်လွတ်မြောက်ခဲ့ပြီး ဆရာဝန်တွေကို အံ့အားသင့်စေခဲ့သူ

နောရစ်ဝီလျံက တိုင်တန်းနစ်သင်္ဘော နစ်မြုပ်မှုမှာ အသက်ရှင်လွတ်မြောက်ခဲ့တယ်။

ဒါပေမဲ့ အေးခဲနေတဲ့ ရေထဲမှာ အချိန်အကြာကြီး နေခဲ့ရလို့ သူ့ခြေထောက်တွေ နှင်းကိုက်ဝေဒနာ ဆိုးဆိုးရွားရွား ခံစားခဲ့ရပြီး ကယ်ဆယ်ရေးသင်္ဘော Carpathia ပေါ် ရောက်ချိန်မှာ ဆရာဝန်တွေက သူ့ခြေထောက်တွေကို ဖြတ်ဖို့ အကြံပေးခဲ့တယ်။

နောရစ်ဝီလျံက တင်းနစ်သမား။ ခြေထောက်တွေ ဖြတ်လိုက်ရင် တင်းနစ်ကစားသမားဘဝကို သူ စွန့်လွှတ်ရလိမ့်မယ်။

ဒီတော့ ခြေထောက်မဖြတ်နိုင်ဘူးလို့ ငြင်းဆန်လိုက်တယ်။

သူက ၂ နှစ်ခြားတစ်ခါ လမ်းလျှောက်ပေးပြီး နှင်းကိုက်ဝေဒနာကို ကိုယ့်နည်းကိုယ်ဟန်နဲ့ ပျောက်ကင်းစေခဲ့တယ်။

တိုင်တင်းနစ်သင်္ဘောနစ်မြုပ်မှုက ၁၉၁၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တာပါ။

လပိုင်းအတွင်းမှာပဲ နှင်းကိုက်ဝေဒနာ ပျောက်ကင်းခဲ့တဲ့ နောရစ်ဝီလျံက ယူအက်စ်တင်းနစ်ပြိုင်ပွဲမှာ ၂ ယောက်တွဲ ကစားပြီး ဗိုလ်စွဲခဲ့တယ်။

ပြီးတော့ ဒေးဗစ်ဖလားလည်း ရခဲ့သေးတယ်။

ပထမကမ္ဘာစစ်ဖြစ်တော့ အမေရိကန်စစ်တပ်မှာ စစ်မှုထမ်းခဲ့ပြီး Croix de guerre ၊ Legion of Honour ဂုဏ်ပြုဆုတံဆိပ်တွေလည်း ရရှိခဲ့ပါတယ်။

crd