ဗဟုသုတ

သူ့ရဲ့ အသိုက်အထင်နဲ့ ကယ်ဆယ်ပေးခဲ့တဲ့ကလေးမလေးရဲ့ဆံပင်ထဲ၌သာ အမြဲဝင်နေတတ်တဲ့ ရှဉ့်ပေါက်လေး

သူ့ရဲ့ အသိုက်အထင်နဲ့ ကယ်ဆယ်ပေးခဲ့တဲ့ကလေးမလေးရဲ့ဆံပင်ထဲ၌သာ အမြဲဝင်နေတတ်တဲ့ ရှဉ့်ပေါက်လေး

ဇင်ဘာဘွေနိုင်ငံမှ အသက် 16 နှစ်အရွယ် မိန်းကလေးတစ်ဦးဟာကယ်တင်ထားတဲ့ရှဉ့်ပေါက်လေးတစ်ကောင်အား သူမရဲ့ဆံပင်ထဲမှာ နေထိုင်ခွင့်ပြုကာမွေးမြူထားပါတယ်။

Harare ၏မြို့တော်မှ 25 မိုင်အကွာရှိတိရိစ္ဆာန်ဘေးမဲ့တောတစ်ခုကိုဖွင့်လှစ်ထားတဲ့ အဆိုပါ Abby Putterill အမည်ရှိမိန်းကလေးရဲ့မိဘများက ၎င်းရှဉ့်ကလေးကိုကယ်တင်ခဲ့ကြပြီး Hammy လို့ အမည်ပေးထားတာဘဲဖြစ်ပါတယ်။

Hammy ဟာ တစ်နေ့မှာ Abby ရဲ့pony tail လိုစီးထားတဲ့ဆံပင်ပေါ်သို့တက်ကြည့်လိုက်ပြီးနောက် ၎င်းမှာနေထိုင်ဖို့ဆုံးဖြတ်ခဲ့ပြီး Abby နဲ့ သူမရဲ့အမွေးပွသူငယ်ချင်းတို့ဟာ ယခုအခါ အတူတူရှိနေကြတာ နှစ်လလောက်ရှိပြီဖြစ်ပြီး ရှဉ့်လေးကလည်း အတော်လေး ပျော်နေပုံရပါတယ်။

ဒဏ်ရာအပြင်းအထန်ရရှိထားတဲ့ Hammy လေးကို Bally Vaughan တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောရဲ့အေးခဲတဲ့ကြမ်းပြင်တစ်နေရာပေါ်မှာတွေ့ရှိခဲ့စဉ်က ၎င်းဟာ ရက်ပိုင်းလောက်သာရှိတဲ့မွေးကင်းစအရွယ်သာရှိပါသေးတယ် ။

ထို့နောက် ခင်ပွန်းဖြစ်သူ Gordon နှင့် ဥယျာဉ်ကိုပူးတွဲပိုင်ဆိုင်သည့် Abby ရဲ့မိခင် Debbie Putterill က မွေးကင်းစရှဉ့်ကလေးကို ၎င်းတို့အိမ်သို့ခေါ်ဆောင်သွားခဲ့ပါတယ်။

အံ့သြစရာကောင်းတာက ရှဉ့်လေးဟာ ၎င်းတို့ရဲ့သမီး Abby ဆီကို တည့်တည့်သွားပြီး သူမရဲ့ဦးခေါင်းဆီကိုပြေးတက်ကာ သူမရဲ့ဆံပင်ထဲမှာ အိမ်သေးသေးလေးကို ဖန်တီးလိုက်ပါတယ်။

နောက်ပိုင်းမှာ Abby ဟာ သူမရဲ့ဆံပင်ကို နောက်ကျောတွင် စုစီးထားလာပြီး Hammy လေးအတွက် ပြီးပြည့်စုံတဲ့အိမ်သေးလေးကိုဖန်တီးပေးလိုက်ပါတယ်။

လက်ရှိမှာ အိပ်စက်တာနဲ့ရေချိုးတာမှလွှဲပြီး Hammy နှင့် Abby တို့ဟာ ခွဲထားလို့မရအောင် တပူးတတွဲနဲ့ အတူရှိနေကြပါတယ်။ မိခင် Putterill က “ Hammy ကနေကောင်းလာတော့ အမြန်ကြီး ကြီးထွားလာတယ်၊

သူ့ကိုစတွေ့တုန်းကတော့ရုံးခန်းရဲ့ကွန်ကရစ်ကြမ်းပြင်မှာလဲလျောင်းနေခဲ့တာ၊ သူကသူ့ရဲ့သက်ငယ်မိုးပေါ်မှ ပြုတ်ကျလာခဲ့ပုံရတယ် ၊

ကျွန်မတို့ဟာ သူ့ကိုမတွေ့ခဲ့ရင် အဲ့တုန်းက သူ ဆယ်ရက်သားပဲရှိသေးတာဆိုတော့ သူသေသွားမှာဘဲ၊ အခုတော့ သူက ကျွန်မတို့မိသားစုရဲ့ကြိုဆိုရမယ့်အဖွဲ့ဝင်တစ်ဦးဖြစ်လာတယ်။ ” လို့ဆိုခဲ့ပါတယ်။

ထို့ပြင် Abby ၏မိခင်က “ သူငယ်ငယ်တုန်းကတော့ ကျွန်မတို့လက်ဖဝါးပေါ်တင်မဟုတ်တဲ့ တခြားဘယ်နေရာမှာမှ မအိပ်တတ်ပေမယ့် သူအသက်ကြီးလာတာနဲ့အမျှ ကျွန်မတို့ကို သစ်ပင်တွေလိုဆက်ဆံပြီး ၊ကျွန်မတို့အဝတ်အစားအောက်မှာ မြုပ်နေတတ်တယ်၊

ဒါမယ့် တစ်နေ့တော့ သူ Abby နဲ့ ကစားရင်း Abby ရဲ့ဆံပင်တွေထဲကို တွားသွားခဲ့ရင်းကနေ ခုတော့ Abby ရဲ့ဆံပင်ထဲမှာဘဲ နေတော့တယ် ” လို့လည်း ဆိုခဲ့ပါသေးတယ်။

ရှဉ့်တစ်ကောင်က အခုလိုပြုမူတာမျိုးကို တစ်ခါမှမမြင်ဖူးသလို မြင်ရတာ ရယ်စရာကောင်းနေပေမဲ့လည်း ရှဉ့်လေးဟာ ဆံပင်ထဲမှာ လှဲလျောင်းရင်း ကမ္ဘာကြီးကိုကြည့်ရှုရင်း ပျော်ရွှင်နေပုံရပါတယ်။

၎င်း Bally Vaughan တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောကို Abbyရဲ့အဖွားနှင့်အဘိုးတို့က 1980 ခုနှစ်အစောပိုင်း၌ ဖျားနာပြီးထိခိုက်ဒဏ်ရာရရှိသော အာဖရိကတောရိုင်းတိရိစ္ဆာန်များကိုပြုစုစောင့်ရှောက်ရန် ၎င်းတို့၏အိပ်မက်များကို ဖြည့်ဆည်းပေးဖို့ တည်ထောင်ထားခဲ့ခြင်းဖြစ်ပါတယ်။

crd