ဆိုင်တွင်လာစားသည့် Food blogger တစ်ဦး၏ စကားတစ်ခွန်းကြောင့် စီးပွားရေးပျက်မလိုဖြစ်သွားရသည့် အမေအို
ကမ္ဘာနေရာအသီးသီးတွင် အစားအသောက်များကို စားသောက်ပြကြသော လူများစွာတို့ ပေါ်လာခဲ့ပြီဖြစ်ပါတယ် ။
နာမည်ကြီးပြီး ကြည့်ရှု့သူများသည့် blogger တစ်ဦးကြောင့် စားသောက်ဆိုင်တစ်ခုက ရောင်းအားကောင်လာနိုင်သကဲ့သို့ နာမည်ပျက်သွားရသည့် အဖြစ်မျိုးလည်း ကြုံတွေ့လာရနိုင်ပါတယ်။
ဗီယက်နမ်နိုင်ငံတွင်လည်း နာမည်ရbloggerအမျိုးသားတစ်ဦးဟာ စျေးထဲမှ ပင်လယ်စာခေါက်ဆွဲဆိုင်တစ်ခုတွင် သွားရောက်စားသောက်ပြခဲ့တာဖြစ်ပါတယ်။
စားကြည့်သောအခါ အရသာကဆိုးရွားပြီး ပေးရတဲ့စျေးနဲ့မတန်ကြောင်းကို မှတ်ချက်ပေးခဲ့ပါတယ်။
ပရိတ်သတ်အချို့ကလည်း အရသာမကောင်းကြောင်းကို ထောက်ခံလိုက်သောအခါ အမေအို၏ ဆိုင်ကလေးက နာမည်ပျက်သွားခဲ့ပြီး စီးပွားရေးပျက်မည့် အခြေအနေမျိုးကြုံနေရပါတယ်။
crd