News

မိခင်ရဲ့မွေးနေ့မှာ သူမအမြဲ‌လိုချင်နေတဲ့ အိမ်အသစ်တစ်လုံးကို လက်ဆောင်အနေနဲ့ surprise လုပ်ပေးခဲ့တဲ့ သားလိမ္မာ

မိခင်ရဲ့မွေးနေ့မှာ သူမအမြဲ‌လိုချင်နေတဲ့ အိမ်အသစ်တစ်လုံးကို လက်ဆောင်အနေနဲ့ surprise လုပ်ပေးခဲ့တဲ့ သားလိမ္မာ

ဖိလစ်ပိုင်နိုင်ငံက Ric လို့ အမည်ရှိတဲ့ အမျိုးသားတစ်ဦးက သူ့မိခင်ရဲ့မွေးနေ့မှာ မိခင်ဖြစ်သူကို အိမ်အသစ်ဖြင့် အံ့အားသင့်စေတဲ့အကြောင်းကို အင်တာနက်ပေါ်ဝေမျှတဲ့အခါမှာ လူတိုင်းက ချီးမွမ်းနေခဲ့ပါတယ် ။

အားလပ်ရက်တွေမှာ ပျော်ပျော်ပါးပါး ခရီးထွက်ဖို့ထက် သူ့အမေက အိမ်အသစ်လိုချင်တဲ့ အကြောင်းကို အမြဲပြောလေ့ရှိပါတယ် ။

ဒါပေမဲ့ Ric က နိုင်ငံအနှံ့ နေရာတော်တော်များများကို လည်ပတ်ရတာကိုနှစ်သက်တဲ့အတွက် သူ့ရဲ့ခရီးပန်းတိုင်ကိုအရင်ချမှတ်ခဲ့ပါတယ် ။

ခရီးသွားလာမှု ကန့်သတ်ချက်များကြောင့် သူက သူ့ရဲ့ ခရီးပန်းတိုင်ကို ဆက်မသွားနိုင်ဘဲ ငွေပိုစုနိုင်တာကြောင့် သူ့အမေအတွက် အိမ်ဆောက်ပြီး ဒီငွေတွေကို ကောင်းကောင်းအသုံးချခဲ့ပေမဲ့ အမေအတွက် အိမ်ဆောက်ပေးတဲ့အကြောင်းကိုတော့ သူမကို ပြောပြခဲ့ပါဘူး ။

အိမ်ပြီးခါနီးမှာ သူ့အမေကို ပြောပြဖို့ အချိန်တန်ပြီလို့ ဆုံးဖြတ်လိုက်ပါတယ် ။

ဒါကြောင့် မိခင်ရဲ့ မွေးနေ့မှာ အမေအတွက် အဓိပ္ပါယ်ရှိတဲ့ မွေးနေ့လက်ဆောင်အဖြစ် သတင်းကောင်းနဲ့ အံ့သြသွားစေခဲ့ပါတယ် ။

crd