ကလေးငယ်က သူ၏ကားကို စက်ဘီးဖြင့်ဝင်တိုက်မိခဲ့သော်လည်း လျှော်ကြေးမတောင်းသည့်အပြင် စက်ဘီးအသစ်ပါဝယ်ပေးခဲ့သည့် လေးစားဖွယ်အဖိုး
လူတိုင်းသည် မိမိ၏ပိုင်ဆိုင်သော ပစ္စည်းများကို ထိပါးလာခဲ့ပြီဆိုပါက ဒေါသထွက်တတ်ကြပေသည်။ မည်သည့်အရာဝတ္ထုတစ်ခုကိုမဆို ရရှိပိုင်ဆိုင်နိုင်ရန်အတွက် လူသားတို့ဟာ အလုပ်များကို ပင်ပန်းစွာလုပ်ကိုင်ထားရခြင်းဖြစ်ပေသည်။
သို့သော်လည်း အလွန်ကြင်နာတတ်သော အဖိုးအိုတစ်ဦး၏ လုပ်ရက်တစ်ခုသည် အခြားသူများအဖို့ အတုယူစရာဖြစ်နေခဲ့ပါတယ်။
အဖိုးအိုဟာ သူ၏ရပ်ထားသောကားကို ကလေးငယ်တစ်ဦးက စက်ဘီးစီးရင်းဖြင့် ဝင်တိုက်မိခဲ့တာဖြစ်ပါတယ်။ထို့ကြောင့်
ကလေးငယ်ဟာ ကြောက်လန့်ပြီး ငိုယိုနေသောကြောင့် အဖိုးအိုသည် ကလေးငယ်ကိုလျှော်ကြေးတောင်းဆိုမှုပြုလုပ်ရန်ပင်စိတ်ကူးမရှိဘဲ အားပေးနှစ်သိမ့်ရန်သာ ကြိုးစားခဲ့တာဖြစ်ပါတယ်။
ကလေးငယ်၏စက်ဘီးမှာ ဟောင်းနေပြီဖြစ်သည့်အတွက် စက်ဘီးအသစ်လေးကို ဝယ်ယူပေးခဲ့ပြီးအားပေးနှစ်သိမ့်ခဲ့သေးတာဖြစ်ပါတယ်။
crd