News

စက်ဘီးစီးပြိုင်ပွဲတစ်ခုမှာ စိတ်အားထက်သန်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးနောက် လူအများအား အံ့အားသင့်သွားစေခဲ့တဲ့ မသန်စွမ်းစက်ဘီးစီးသမားတစ်ဦး

စက်ဘီးစီးပြိုင်ပွဲတစ်ခုမှာ စိတ်အားထက်သန်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးနောက် လူအများအား အံ့အားသင့်သွားစေခဲ့တဲ့ မသန်စွမ်းစက်ဘီးစီးသမားတစ်ဦး

သင့်အနေနဲ့ စက်ဘီးစီးတတ်ရင်တော့ စက်ဘီးစီးနည်းကိုကောင်းကောင်းသိနေမှာပါ။ စက်ဘီးနင်းတဲ့အခါ လက်မောင်းတွေကို လွယ်လွယ်မရွေ့နိုင်ရင် စက်ဘီးအား ထိန်းချုပ်ရခက်နိုင်တယ်ဆိုတာကိုလည်း သင်သိနေမှာပါ။

သို့ပေမဲ့ မွေးရာပါလက်များမရှိတဲ့လူတစ်ယောက်အတွက်တော့ စက်ဘီးရဲ့ ဂီယာ ဒါမှမဟုတ် ဘရိတ်ကိုပြောင်းဖို့ ခက်ခဲနေပါလိမ့်မယ်။

သို့ပေမယ့် စက်ဘီးစီးတာက လက်မရှိတဲ့မသန်စွမ်းတွေအချို့အတွက် ခက်ခဲတဲ့အားကစားတစ်ခုလို့ဆိုနိုင်ပေမယ့် အမျိုးသားတစ်ဦးကတော့ ၎င်းကို ထူးချွန်အောင် ကိုင်တွယ်နိုင်ခဲ့ပြီး ပထမတော့ သူ့အတွက်မဖြစ်နိုင်ဘူးလို့ထင်ရရင်တောင် သူဟာ ဘယ်သူမဆိုဖြစ်အောင်လုပ်နိုင်ဆိုတယ်ဆိုတာကို ကမ္ဘာကြီးအား ပြသနိုင်ခဲ့ပါတယ်။

John Kenneth Flores အမည်ရှိ အဆိုပါမသန်စွမ်းစက်ဘီးသမားတစ်ဦးဟာဖိလစ်ပိုင်နိုင်ငံ Calinog ပြည်နယ် Iloilo မြို့ရှိစက်ဘီးပြိုင်ပွဲဖြစ်တဲ့ 1st Mayor FRANCISCO “ICO” L. CALVO Mtb/Xc Race 2021 Calinog ကို ပြီးခဲ့တဲ့နိုဝင်ဘာလမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

ထိုနေ့မှာ RJLens အမည်ရှိဓာတ်ပုံဆရာဟာ ပြိုင်ပွဲမှာရှိနေခဲ့ပြီး သူဟာ Flores ရဲ့အမာခံပရိသတ်တစ်ဦးလည်းဖြစ်နေခဲ့ပါတယ်။

ထို့ပြင် သူ့ idol ဖြစ်တဲ့ Flores ရဲ့ပြိုင်ပွဲရှိသီးခြားလျှပ်တစ်ပြက်ဓာတ်ပုံများကို RJLens က သူ့ပို့စ်မှာ ပြန်လည်မျှဝေပေးခဲ့ပါတယ်။

RJLens ဓာတ်ပုံဆရာရိုက်ယူတဲ့ Flores ရဲ့ ရုပ်လုံးပေါ်ဓာတ်ပုံများကို သင်တွေ့မြင်လိုက်ရပြီးနောက် PWDs (မသန်စွမ်းသူများ)ပင် အားကစားနယ်ပယ်မှာ ထူးချွန်ကြောင်း ကမ္ဘာကြီးအားသက်သေပြနေတာကို တွေ့ရပါလိမ့်မယ်။

အဆိုပါပို့စ်က ပျံ့နှံ့သွားခဲ့ပြီးနောက် ထိုအားကစားနယ်ပယ်မှာ အောင်မြင်မှုရရှိခဲ့တဲ့ Flores အတွက် လူအများက ချီးမွမ်းခဲ့ကြပါတယ်။

“မသန်စွမ်းပေမယ့်….. မင်း အကောင်းဆုံး လုပ်နိုင်ခဲ့တယ်!” လို့ Flores ကို သဘောကျတဲ့ပရိတ်သတ်တစ်ယောက်က မှတ်ချက်ပေးခဲ့ပြီး အချို့သောအင်တာနက်အသုံးပြုသူများက Flores ဟာ

စက်ဘီးရဲ့ဘရိတ် (သို့) ဂီယာတွေကို ဘယ်လိုအသုံးပြုလဲဆိုတဲ့အကြောင်းနှင့် ပတ်သက်ပြီး သိချင်ကြောင်း ဖော်ပြခဲ့ကြပေမဲ့လည်း စက်ဘီးကိုထိန်းချုပ်ရန် ကြိုးများနှင့် အထူးပြုကိရိယာများရှိနေကြောင်း Flores ရဲ့လင်းယုန်မျက်လုံးပိုင်ရှင်ပရိတ်သတ်များက ရှင်းပြခဲ့ကြပါတယ်။

ဒါပေမဲ့လည်း လူအများက Flores ရဲ့စိတ်ဓာတ်နှင့် သူ့ရဲ့လုပ်ကိုင်နိုင်စွမ်းကို အတော်လေးအထင်ကြီးနေခဲ့ကြတုန်းပါပဲ!။ထို့ပြင်စက်ဘီးပြုပြင်မွမ်းမံမှုဆိုင်အများစုက အဆင့်မြှင့်တင်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ပေမဲ့လည်း

Flores ရဲ့စက်ဘီးမှာပြုလုပ်မဲ့ အထူးပြုပြင်မွမ်းမံမှုများက ၎င်းတို့အတွက် ပိုမိုခက်ခဲနိုင်ကြောင်းလည်း ဖော်ပြခဲ့ကြပါတယ်။

crd