ပိုက်ဆံပန်းစည်းလက်ဆောင်ပေးခြင်းက ပိုက်ဆံတွေကိုပျက်စီးဆုံးရှုံးစေကြောင်း ဝေမျှခဲ့တဲ့မိန်းကလေး
ခေတ်ကာလအရ ချစ်သူကို ပန်းစည်းအစစ်ထက် ၊ ပိုက်ဆံပန်းစည်းမျိုး လက်ဆောင်ပေးခြင်းက အတော်လေးကိုရေပန်းစားနေတာပါ ။
သို့ပေမဲ့လည်း Jovion အမည်နဲ့ Facebook အသုံးပြုသူကတော့ လက်ဆောင်ပိုက်ဆံပန်းစည်းရရှိခဲ့ပေမဲ့လည်း မပျော်ရွှင်နိုင်ခဲ့တဲ့သူမရဲ့အဖြစ်ကို ဝေမျှသွားခဲ့ပါတယ် ။
အကြောင်းမှာတော့ အဆိုပါပန်းစည်းကို လက်ဆောင်ရပြီး နှစ်လလောက် သူမဟာပိုက်ဆံကိုမဖြုတ်ပဲ ဒီအတိုင်းထားခဲ့တာပါ ။
နောက်ပိုင်းပိုက်ဆံတွေဖြုတ်တဲ့အချိန်မှာ နှင်းဆီပန်းပုံစံပိုက်ဆံတွေကိုခေါက်ထားတဲ့အတွက်ပိုက်ဆံတွေကကျိုးကြေနေပြီး ၊ ပိုက်ဆံတစ်ရွက်နဲ့တစ်ရွက်ဟာလည်း ကော်တွေနဲ့ကပ်ထားတဲ့အတွက် ဖြုတ်ယူဖို့ခက်ခဲခဲ့ပြီး ပိုက်ဆံတွေပျက်စီးခဲ့ရကြောင်း ဝေမျှခဲ့ပါတယ် ။
နှင်းဆီပွင့်ပုံစံထက် အခြာပုံစံမျိုးခေါက်မယ်ဆိုရင်တော့ ပိုက်ဆံတွေပျက်စီးမှု သိပ်ရှိမှာမဟုတ်ဘူးလို့ သူမက အကြံပေးခဲ့ပါတယ် ။
သူမအနေနဲ့ ပိုက်ဆံပန်းစည်းရရှိမှုကိုမပျော်ရွှင်ကြောင်း ၊ ပန်းစည်းလုပ်ပေးတဲ့သူကလည်း ပိုက်ဆံတွေခေါက်ရပြီး ၊
လက်ခံရရှိသူကလည်း ပိုက်ဆံတွေပြန်ဖြုတ်ရကာ ၊ တန်ဆာခတွေလည်း ပေးရကြောင်း ၊ ထို့ကြောင့် ဒီအတိုင်း လက်ဆောင်အနေနဲ့ ပိုက်ဆံကိုသာ သီးသန့်ပေးလိုက်တာက ပို၍ကောင်းကြောင်း သူမရဲ့အခြေအနေကိုဝေမျှခဲ့ပါတယ် ။
crd