News

Online ပေါ်မှာ ၁သိန်းကျော်တန် ကလေးစီးဆိုင်ကယ်ကို ကိုယ်တိုင်မှာယူခဲ့တဲ့ ၃ နှစ်အရွယ်သားဖြစ်သူကြောင့် သွေးတက်သွားခဲ့ရတဲ့ မိခင်

Online ပေါ်မှာ ၁သိန်းကျော်တန် ကလေးစီးဆိုင်ကယ်ကို ကိုယ်တိုင်မှာယူခဲ့တဲ့ ၃ နှစ်အရွယ်သားဖြစ်သူကြောင့် သွေးတက်သွားခဲ့ရတဲ့ မိခင်

ယနေ့ခေတ်မှာ အွန်လိုင်းဈေးဝယ်ခြင်းက အလွန်ရေပန်းစားပါတယ်။

ဖိလစ်ပိုင်နိုင်ငံ Bohol ပြည်နယ်မှ Len အမည်ရှိအမျိုးသမီးတစ်ဦးဟာ အသက် ၃ နှစ်အရွယ် Nathan Pana အမည်ရှိသူမသားဖြစ်သူက အွန်လိုင်းရှော့ပင်းမှ

ပီဆို ၄၀၀၀ ( ၁သိန်း ၄သောင်းကျော် )တန်ဖိုးရှိတဲ့ဆိုင်ကယ်အရုပ်တစ်ခုကိုမှာယူခဲ့တာကို အံ့အားသင့်သွားခဲ့ရပါတယ်။

ဒီဇင်ဘာ ၈ ရက်နေ့မှာ တူဖြစ်သူ Nathan က လာမည့်ခရစ္စမတ်အတွက် Shopee မှ ပစ္စည်းမှာယူရန် “ မေမေ ကျွန်တော် Shopee ကနေ ပစ္စည်းမှာယူမယ်နော် ” လို့ အိမ်အလှဆင်ရန်အလုပ်များနေတဲ့သူ့မိခင်အား မေးခဲ့တယ် လို့ Nathan ရဲ့ဦးလေးဖြစ်သူက ပြောကြားခဲ့ပါတယ်။

“ အဲ့နေ့က ကျွန်မကလည်း အိမ်အလှဆင်ဖို့ အလုပ်များနေတာကြောင့် သားဖြစ်သူပြောတဲ့စကားကို အလေးအနက်မထားမိသလို အွန်လိုင်းဈေးဝယ်နည်းဖြင့် မှာယူနည်းကို ကလေးက မသိပါဘူးလို့လည်း တွေးနေခဲ့တယ်၊

နောက်ပြီး ဒီဇင်ဘာလ 20 ရက်နေ့မှာတော့ ကျွန်မဆီကို အမှာစာတင်ထားကြောင်း အကြောင်းကြားစာပေးပို့တဲ့ယာဉ်မောင်းထံမှ ဖုန်းဆက်လာခဲ့ပေမဲ့

ပို့ဆောင်သူထံမှ ကျွန်မရရှိတဲ့မက်ဆေ့ချ်က မှားယွင်းနေတယ်လို့ အစပိုင်းမှာထင်ခဲ့တဲ့အပြင် ကျွန်မ အွန်လိုင်းဈေးဝယ်မှုတစ်စုံတစ်ရာကိုမမှာယူခဲ့ဘူးလို့ဆိုပြီး အဲ့ဒီအမှာစာကို လျစ်လျူရှုထားခဲ့ပါတယ် “ လို့ မိခင် Len က ပြောကြားခဲ့ပါတယ်။

သို့ပေမဲ့ ပစ္စည်းပို့ဆောင်သူက အထုပ်ကြီးကြီးဖြင့် သူမတို့အိမ်ရှေ့သို့ရောက်ချလာတဲ့အခါမှာ Len ဟာ သားဖြစ်သူ Nathan က သူမရဲ့မိုဘိုင်းလ်ဖုန်းကို အမှန်တကယ် အသုံးပြုနေခဲ့ကြောင်းကို သူမ အသေအချာ သဘောပေါက်ခဲ့သွားခဲ့ရပါတယ်။

တကယ်လည်း သားဖြစ်သူဟာ ပီဆို ၄၀၀၀ တန်ဖိုးရှိတဲ့ အားပြန်သွင်းနိုင်တဲ့ အရုပ်ဆိုင်ကယ်တစ်စီးကိုမှာယူခဲ့တာဘဲဖြစ်ပါတယ်။

ထို့ပြင် Nathan ရဲ့ဦးလေးဖြစ်သူက သူ့အမေက Shopee မှ ပစ္စည်းမှာယူတဲ့အခါတိုင်း Nathan က အမြဲစောင့်ကြည့်နေပေမဲ့လည်း ထိုနေရာကနေ ပစ္စည်းမှာယူနည်းကို သင်ယူနိုင်လိမ့်မယ်လို့မထင်ထားကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ထို့နောက် Len က ထိုအမှာစာအား ဖျက်သိမ်းရန်ကြိုးစားခဲ့ပေမဲ့လည်း ပို့ဆောင်သူက အရုပ်သေတ္တာကြီးများကိုပို့ဆောင်ရာမှာ အခက်အခဲရှိနေတာကြောင့် သူမအား အမှာစာမဖျက်ပစ်ရန်တောင်းဆိုခဲ့ပါတယ်။

နောက်ဆုံးမှာ Nathan ရဲ့မိသားစုတစ်စုလုံးက ပီဆိုလေးထောင်ကျော်ရှိတဲ့ Nathan ရဲ့အမှာစာပစ္စည်းအတွက် ငွေပေးဆောင်ရုံမှတပါး ဘာမှမတတ်နိုင်တာကြောင့် ခရစ္စမတ်ပွဲအပြင်အဆင်အတွက် စုထားခဲ့တဲ့၎င်းတို့ရဲ့အပိုငွေများဖြင့် Nathan အတွက် ငွေရှင်းပေးလိုက်ရပါတယ်။

crd