News

ဝယ်ယူခဲ့တဲ့ ကျပန်းလက်ဆောင်များပါဝင်တဲ့သေတ္တာဘူးထဲမှ ဒေါ်လာ ၄၀၀၀ ကျော်တန်ဖိုးရှိတဲ့ ကားတစ်စီးဆုကိုမဲပေါက်ခဲ့တဲ့ မိန်းကလေး

ဝယ်ယူခဲ့တဲ့ ကျပန်းလက်ဆောင်များပါဝင်တဲ့သေတ္တာဘူးထဲမှ ဒေါ်လာ ၄၀၀၀ ကျော်တန်ဖိုးရှိတဲ့ ကားတစ်စီးဆုကိုမဲပေါက်ခဲ့တဲ့ မိန်းကလေး

စိတ်ကောင်းနှလုံးကောင်းရှိတဲ့ ထိုင်း YouTube celebrity တစ်ဦးဖြစ်တဲ့ Pimrypie ဟာ ထိုင်းနိုင်ငံတစ်ဝှမ်း လိုအပ်နေသူများကိုကူညီရန် အာရုံစိုက်သည့် သူမရဲ့ဗီဒီယိုများမှတစ်ဆင့် နာမည်ကြီးကျော်ကြားလာခဲ့ပါတယ်။

ဒါ့ကြောင့် သူမရဲ့ ကျက်သရေရှိပြီး ရက်ရောတတ်တဲ့ကိုယ်ရည်ကိုယ်သွေးဖြင့်၊ သူမရဲ့ထုတ်ကုန်များအား ဝယ်ယူအားပေးသူများက တစ်ခါတစ်ရံမှာ အံ့အားသင့်စရာများ ရလောက်လားဟု သံသယထားစရာတောင်မလိုအပ်ပါဘူး။

မကြာသေးမီက Pimrypie ထံမှ ကျပန်းလက်ဆောင်သေတ္တာတစ်ဘူးကိုဝယ်ယူခဲ့တဲ့ ထိုင်းအမျိုးငမီးတစ်ဦးဟာ ကားအသစ်စက်စက်တစ်စီးကို လက်ခံရရှိသွားခဲ့ပါတယ်။

2021 ခုနှစ် ဒီဇင်ဘာလ 1 ရက်နေ့၌ Pimrypie ၏ကျပန်းလက်ဆောင်သေတ္တာမှ Suzuki ကားတစ်စီးကိုရရှိခဲ့သည့် အဆိုပါ Patcha Mariasi အမည်ရှိအမျိုးသမီးရဲ့ဇာတ်လမ်းဟာ Facebook တွင် ပျံ့နှံ့သွားပြီးနောက် လူမှုကွန်ရက်ပေါ်မှာ လူပြောများသွားခဲ့ပါတယ်။

ထိုနေ့မှာ Patcha ဟာ Pimrypie ထံမှသူမဝယ်ခဲ့တဲ့ကျပန်းလက်ဆောင်သေတ္တာ၌ပါရှိသည့်ပစ္စည်းများကို review လုပ်ပေးဖို့Facebook မှာ သူငယ်ချင်းဖြစ်သူနဲ့အတူ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုတင်ပြီးနောက် မကြာမီမှာဘဲ ၎င်းကိစ္စဟာဖြစ်ပျက်သွားခဲ့ပါတယ်။

သူမရရှိခဲ့တဲ့လက်ဆောင်တိုင်းကို ပရိသတ်ကိုပြသနေစဉ်မှာသူမရဲ့သူငယ်ချင်းက အဝါရောင်ဖဲကြိုးပါတဲ့ သေတ္တာငယ်လေးကို တွေ့ရှိခဲ့ပါတယ်။

ထို့နောက် Patcha ဟာ သေတ္တာကို စိတ်လှုပ်ရှားစွာ ဖွင့်လိုက်ပြီး Pimrypie မှပေးတဲ့ ကတ်တစ်ကတ်နှင့်အတူ ကားသော့တစ်ချောင်းကိုတွေ့လိုက်တဲ့အခါ သူမဟာ စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုကိုထိန်းမထားနိုင်ခဲ့ပါဘူး။

သူမဟာ ကတ်ပေါ်ကပေးထားတဲ့နံပါတ်ကိုခေါ်ဆိုခဲ့ပြီးနောက်မှာတော့ ကြီးကျယ်တဲ့ဆုရရှိခဲ့ကြောင်း Pimrypie ရဲ့ လက်ထောက်က ပြောပြခဲ့ပါတယ်။သို့ပေမဲ့လည်း သူမရရှိမယ့်အရာက သူမမျှော်လင့်ထားတာထက် ကျော်လွန်နေခဲ့ပါတယ်။

Patcha ဟာ သူမရဲ့ကြီးကျယ်ခမ်းနားတဲ့ ဆုကိုမျှော်လင့်ကာ စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့ပြီး Suzuki Swift ကားတစ်စီးကိုရရှိတော့မှာကို သူမသိနေခဲ့ပါဘူး။

ထို့နောက် ကံကောင်းတဲ့ Patcha ဟာ အနီရောင်ဖဲကြိုးဖြင့်ချည်ထားတဲ့ အနီရောင်ကားက သူမအတွက်ရည်ရွယ်ထားတာကိုတွေ့လိုက်ရတဲ့အခါ အံ့ဩပြီးဝမ်းသာသွားခဲ့ပြီး Patcha ဟာ သူမကားအသစ်နှင့် ဓာတ်ပုံရိုက်ကာ Pimrypie ရဲ့လက်ထောက်ထံမှလည်း ဝမ်းမြောက်ကြောင်းပန်းစည်းကို လက်ခံရရှိခဲ့ပါတယ်။

သို့ပေမဲ့လည်း၊ အချို့သောသူများက Pimrypie နှင့် Patcha တို့ဟာကျပန်းလက်ဆောင်သေတ္တာကိုကြော်ငြာရန် ဤ “လက်ဆောင်” ကို အတူတကွကြံစည်ခြင်းရှိမရှိ စဉ်းစားလာတာကြောင့် ၎င်းဖြစ်ရပ်ဟာ သုံးစွဲသူများအကြား ပြဿနာတစ်ရပ်ဖြစ်လာခဲ့ပါတယ်။

ကံကောင်းထောက်မစွာ Patcha က သူမ၏ဖေ့စ်ဘုတ်အကောင့်မှာ ဖြစ်ပျက်ခဲ့သမျှသည် ကြံစည်မှုမဟုတ်ကြောင်း ဖော်ပြခဲ့ပြီး Pimrypie ဟာ ကျပန်းလက်ဆောင်သေတ္တာကို ပရိုမိုးရှင်းလုပ်ရန် သူမကိုမငှါးရမ်းခဲ့ခြင်းလည်းမရှိကြောင်းပြောကြားခဲ့ပါတယ်။

၎င်းဇာတ်လမ်းပျံ့နှံ့သွားပြီးနောက် ကြည့်ရှုမှု 271K ကျော်နှင့် မှတ်ချက်ပေါင်း 1.2K ကျော်ဖြင့်အင်တာနက်အသုံးပြုသူအများအပြားဟာဇာတ်လမ်းနှင့်ပတ်သက်၍ ၎င်းတို့၏မှတ်ချက်များကိုမျှဝေခဲ့ကြပြီး ကျပန်းလက်ဆောင်သေတ္တာကို ဝယ်ယူရန် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ကြပါတယ်။

150,000 ฿ (~USD4,431.25) တန် ကားတစ်စီးရရှိခြင်းဟာ အလွန်အံ့သြစရာကောင်းသည်ဟု အင်တာနက်အသုံးပြုသူတစ်ဦးကလည်း ယူဆခဲ့ပါတယ်။

crd