News

ပျက်စီးနေတဲ့လမ်းကို လာပြင်ပေးဖို့စောင့်ရတာ ငြီးငွေ့လာလို့ ဘုရားဆီကနေသာဆုတောင်းရန် ဝတ်ပြုပွဲသာကျင်းပပြုလုပ်ခဲ့ကြတဲ့ ဒေသခံများ

ပျက်စီးနေတဲ့လမ်းကို လာပြင်ပေးဖို့စောင့်ရတာ ငြီးငွေ့လာလို့ ဘုရားဆီကနေသာဆုတောင်းရန် ဝတ်ပြုပွဲသာကျင်းပပြုလုပ်ခဲ့ကြတဲ့ ဒေသခံများ

လမ်းပန်းဆက်သွယ်ရေးညံ့ဖျင်းတဲ့နိုင်ငံများအတွက် ပျက်စီးနေတဲ့လမ်းများပေါ်ရှိ ရွှံ့ပွက်များနှင့်

ရေများပြည့်နေတဲ့ချိုင့်ခွက်တွင်းများကိုမြင်နေရခြင်းက တုန်လှုပ်စရာကိစ္စတစ်ခုမဟုတ်နေတော့ပါဘူး။

သို့ပေမဲ့ ၎င်းချိုင့်တွင်းတွေကိုမြင်ရဖို့က လွယ်ကူပေမဲ့ ၎င်းကိုလာပြုပြင်ပေးတာကိုမြင်ရဖို့ကတော့ အချိန်အတိုင်းအတာတစ်ခုအထိ ကြန့်ကြာနေတတ်ပါတယ်။

ထို့ကြောင့် ၎င်းကဲ့သို့သောတွင်းပေါက်များကို လာရောက်ပြုပြင်ပေးဖို့အတွက် စောင့်ဆိုင်းနေရခြင်းကို ငြီးငွေ့ ၊ စိတ်ပျက်လာတာကြောင့်

အိန္ဒိယနိုင်ငံ ၊ Bengaluru မြို့၌ နေထိုင်သူများဟာ အာဏာပိုင်များရဲ့အာရုံစိုက်မှုကိုရရှိရန် များစွာသောတီထွင်ဖန်တီးမှုတစ်ခုကို လုပ်ဆောင်ခဲ့ကြပါတယ်။

The Indian Express ၏အဆိုအရ အိန္ဒိယနိုင်ငံ၊ Bengaluru မြို့မှဒေသခံများဟာ အာဏာပိုင်များ၏အာရုံစူးစိုက်မှုကို ဆွဲဆောင်ရန်အတွက် တွင်းပေါက် puja ဝတ်ပြုခြင်းပြုလုပ်ခဲ့ကြပါတယ်။

ဒေသခံများဟာ ၎င်းလမ်းလည်ခေါင်က ချိုင့်ခွက်များကို ပန်းများဖြင့် ပန်းကုံးစွပ်ကာ နံ့သာချောင်းများထွန်းညှိပြီး ရိုးရာဂါထာများ ရွတ်ဖတ်ခဲ့ကြပါတယ်။

၎င်းပွဲတော်ကို ဘုန်းကြီး ၂ ပါးနှင့် အခြားလူ ၂၅ ဦးတို့ တက်ရောက်ခဲ့ကြပြီး ၎င်းချိုင့်ခွက်များကြောင့်ညနောက်ထပ်သော ထိခိုက်ဒဏ်ရာရခြင်း

သို့မဟုတ် အသက်သေဆုံးခြင်းမျိုးမရှိအောင် ဆုတောင်းပေးခဲ့ကြပါတယ်။

ဝတ်ပြုခြင်းအပြင် အပြင် ၎င်းတို့ဟာ အမှတ်တစ်ခုသက်သေပြဖို့ ချိုင့်တွေပေါ်မှာ ချည်ကြိုးများတင်ထားခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံ၊ Bengaluru မြို့ရှိ ၎င်း Charles Campbell Road လမ်းသွယ်ဟာ လမ်းအသုံးပြုသူအများအပြားအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပါတယ်။

သို့ပေမဲ့လည်း မကြာသေးမီက တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းများကြောင့် အခြေအနေမှာပိုမိုဆိုးရွားလာကာ လမ်းမျက်နှာပြင်ကို ပိုမိုအက်ကွဲသွားစေခဲ့ပါတယ်။

ထို့ပြင် Bengaluru ရှိနေထိုင်သူများက အာဏာပိုင်များ၏အာရုံကိုဖမ်းစားနိုင်စေရန်အတွက် လမ်းကိုပြုပြင်ရန် အစပျိုးမှုတစ်ခုအဖြစ် ဆန္ဒပြပွဲများပြုလုပ်ခဲ့ပါသေးတယ်။

ဒေသခံများက နည်းလမ်းမျိုးစုံဖြင့် လုံး၀ ကြိုးပမ်းနေခဲ့ကြပေမဲ့လည်း ၎င်းလမ်းတလျှောက်ရှိ တွင်းပေါင်း ၁၀၀ ကျော်ရဲ့အခြေအနေဟာ

ယခင်အတိုင်းပင် ရှိနေတာကြောင့် ဘာမှမပြောင်းလဲသွားပုံရနေပါတယ်။

ထို့ပြင် မြို့ခံတစ်ဦးက ၎င်းလမ်းကို ယခင်က ကတ္တရာလမ်းဖြင့် ဖောက်လုပ်ခဲ့ပြီးဖြစ်ပေမဲ့အလုပ်ရဲ့အရည်အသွေးကကွာဟချက်မှုမရှိတာကြောင့်

၎င်းကအရင့်အရင်လိုဘဲ ပြောင်းလဲမသွားသလို ထူးခြားလာခြင်းမရှိကြောင်း ၊

အစိုးရတွေကလည်း အရေးကိုမလုပ်ကြကြောင်း ပြောကြားခဲ့ပုံကိုလည်း The Indian Express က ပြန်လည်ဖော်ပြခဲ့ပါသေးတယ်။

crd