News

ပင်စင်လစာကို လစဉ်တောင်းခံနေဆွေမျိုးများကြောင့် အိုးမဲ့အိမ်မဲ့အဖြစ်နဲ့လမ်းဘေးမှာသာရှင်သန်ခဲ့ရတဲ့ သနားစရာအဘိုးအို

ပင်စင်လစာကို လစဉ်တောင်းခံနေဆွေမျိုးများကြောင့် အိုးမဲ့အိမ်မဲ့အဖြစ်နဲ့လမ်းဘေးမှာသာ ရှင်သန်ခဲ့ရတဲ့ သနားစရာအဘိုးအို

M.Sgt Narciso Alpas အမည်ရှိ ဖိလစ်ပိုင်အငြိမ်းစားစစ်သားတစ်ဦးဟာ ဖိလစ်ပိုင်နိုင်ငံအတွက် 356 ES မှာတာဝန်ထမ်းဆောင်ခဲ့ပြီး PAF ရဲ့ ထိပ်တန်းတိုက်ခိုက်ရေးယူနစ်ဖြစ်တဲ့ 710 အထူးစစ်ဆင်ရေးတောင်ပံမှာ မပါဝင်မီ ဖိလစ်ပိုင်လေတပ်ရဲ့ 255th လေကြောင်းအင်ဂျင်နီယာတောင်ပံရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။

သို့ပေမဲ့ All about Philippines ရဲ့Facebook စာမျက်နှာမှာ အငြိမ်းစား Alpas ရဲ့သနားစရာကောင်းတဲ့ဇာတ်လမ်းကို ပထမဆုံးပြန်လည်မျှဝေပေးခဲ့ပါတယ်။

Alpas ဟာ သူ့ဆွေမျိုးများက သူ့ကိုလမ်းတွေပေါ်မှာကျင်လည်နေထိုင်ဖို့ လမ်းဘေးတစ်နေရာမှာချန်ထားခဲ့တာကြောင့် သူ့ရဲ့စိတ်တွေကလည်း အခြေအနေမမှန်ဘဲ မှတ်ဉာဏ်ပျောက်လုနီးပါးဖြစ်နေပြီဖြစ်ပါတယ်။

ပိုဆိုးတာက သူ့ဆွေမျိုးများက သူ့ပင်စင်လစာကို သူတို့အကျိုးအတွက် သာ အစိုးရဆီကနေတောင်းခံနေခဲ့တာကြောင့် Alpas ဟာ အိုးမဲ့အိမ်မဲ့အဖြစ်ကျန်ရစ်ခဲ့ပြီး လမ်းပေါ်မှာသာ ရှင်သန်နေရပါတယ်။

တိုင်းပြည်အတွက် သူရဲကောင်းတစ်ဦးဖြစ်ခဲ့တဲ့ Alpas ရဲ့အနစ်နာခံမှုအားလုံးကို သူ့ဆွေမျိုးများက အခုလိုနည်းလမ်းနဲ့တုန့်ပြန်ခဲ့တာကရင်နာစရာပါဘဲ။

၎င်း post ဟာ Alpas ကိုသိတဲ့သူတိုင်းနဲ့ Alpas အား ဒီလိုသနားစရာကောင်းတဲ့အခြေအနေကနေလွတ်မြောက်အောင် ကူညီပေးနိုင်သူတွေကို သတိပေးနှိုးဆော်ထားခဲ့တာဘဲဖြစ်ပါတယ်။

အင်တာနက်အသုံးပြုသူများစွာက ဒီသနားစရာကောင်းတဲ့စစ်သားဟောင်းရဲ့ပင်စင်လစာကို ဘယ်သူတွေက ဒိုင်ခံလက်ခံရယူနေလဲဆိုတာကို စုံစမ်းရှာဖွေပေးဖို့ ၊ ဒီကိစ္စကိုအရေးပေးဖို့ အခွင့်အာဏာရှိသူများကို တိုက်တွန်းပေးခဲ့ကြပါတယ်။

ဘယ်သူကပဲဖြစ်ဖြစ် Alpas ရဲ့ဆွေမျိုးတွေကိုပြန်ခေါ်ပြီး Alpas ကသာအနစ်နာခံပြီးကြိုးစားခဲ့တဲ့အတွက် ပင်စင်ငွေများကို သူ့လက်ထဲပြန်အပ်ပေးဖို့ ဒါမှမဟုတ်အစိုးရနှင့်သက်ဆိုင်သူများက နိုင်ငံ့အကျိုးသယ်ပိုးခဲ့တဲ့စစ်သားဟောင်းတစ်ဦးရဲ့ဘဝကို တာဝန်ယူပေးလိမ့်မယ်လို့သာ မျှော်လင့်မိပါတယ်ဗျာ။

crd