ဗဟုသုတ

ပိုက်ဆံလည်းမရှိပဲနဲ့ သော့ခတ်မနေနဲ့ဆိုပြီး ရေးသားထားတဲ့ သူခိုးတစ်ဦးရဲ့စာကို လက်ခံရရှိခဲ့သည့် အိမ်ပိုင်ရှင်ရဲ့အဖြစ်

ပိုက်ဆံလည်းမရှိပဲနဲ့ သော့ခတ်မနေနဲ့ဆိုပြီး ရေးသားထားတဲ့ သူခိုးတစ်ဦးရဲ့စာကို လက်ခံရရှိခဲ့သည့် အိမ်ပိုင်ရှင်ရဲ့အဖြစ်

လောကကြီးတွင် လူသားတို့သည် မသန်စွမ်းဖြစ်နေရင်တောင် ရိုးရိုးသားသားရှာစားပြီး ဘဝကိုအေးချမ်းစွာဖြတ်သန်းကြသော်လည်း

အချို့သောသူများကျ ခြေကောင်းလက်ကောင်းရှိပါလျက်နှင့် သူတစ်ပါးစည်းစိမ်ဥစ္စာကို မတော်မတရား အချောင်ရချင်ကြပြီး ခိုးကြဝှက်ကြကာ အသက်မွေး၀မ်းကျောင်း ပြုတတ်ကြသည်။

သို့ဖြစ်၍ အိန္ဒိယနိုင်ငံ Madhya Pradeshပြည်နယ်တွင် နေထိုင်သော တရားသူကြီးတစ်ဦးသည် ဥပဒေစီရင်ရေးအရ အခြားနယ်တစ်ခုသို့ ရောက်ရှိနေပြီး ၂ပတ်အကြာအိမ်ပြန်ခဲ့ခြင်းမရှိပေ။

တရားသူကြီးသည် အိမိထောင်သည်မရှိ လူပျိုကြီးဖြစ်ကာ အိမ်တွင်တစ်ကိုယ်တည်းနေထိုင်ခြင်းဖြင့် အလုပ်သွားသည့်အခါ အိမ်ကိုသော့ခတ်သွားခဲ့သည်။

တရားသူကြီးလည်း အလုပ်ကိစ္စပြီးတာနဲ့ အိမ်သို့တန်းပြန်ခဲ့ရာ သော့အိမ်မှာပျက်နေပြီး အိမ်ထဲတွင်လည်း အနည်းငယ်ရှုပ်ပွနေကာ

ရှာဖွေစုဆောင်းထားသည့် ရူပီး ၃၀၀၀၀ကျော်နှင့် အခြားလက်ဝတ်ရတနာနှစ်မျိုးအား သူခိုးလက်ထဲပါသွားခဲ့သည်ကို သိခဲ့ရသည်။

ထို့နောက် သူခိုးဖြစ်သူသည် စားပွဲတစ်ခုပေါ်တွင်စာတစ်စောင်ရေးထားခဲ့ပြီးဖတ်ကြည့်ရာတွင် အိမ်မှာပိုက်ဆံလည်းမရှိပဲနဲ့သော့ခတ်မနေနဲ့ဆိုပြီး ရေးသာထားခြင်းဖြစ်ရာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့အား ထိုသူခိုးကိုဖမ်းပြီးအရေးယူပေးရန် အကြောင်းကြားခဲ့သည်။

crd