ဗဟုသုတ

ဆိုင်ကယ်တစ်ယောက်တစ်စီးနဲ့ မင်္ဂလာပွဲကျင်းပခဲ့သော ဇနီးမောင်နှံ

ဆိုင်ကယ်တစ်ယောက်တစ်စီးနဲ့ မင်္ဂလာပွဲကျင်းပခဲ့သော ဇနီးမောင်နှံ

မင်္ဂလာပွဲနေ့သည် လူတိုင်းအတွက် အရေးကြီးဆုံးနေ့လေးဖြစ်သည့်အတွက် အမှတ်တရကောင်းတွေနှင့်သာ ဖြတ်သန်းလိုကြသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ ဇနီးမောင်နှံနှစ်ဦးသည် ဆိုင်ကယ် Crazyများဖြစ်ကြပြီး ပြိုင်ပွဲကလပ်မှာ စတွေ့ခဲ့ကြပြီး ဝါသနာတူစိတ်တူကိုယ်ဖြစ်နေ၍ ချစ်ကြိုက်ခဲ့ရင်း ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့ကြသည်။

သူတို့နှစ်ဦးသည် မင်္ဂလာဆောင်သည့်နေ့တွင် အခြားသူများလို ဇိမ်ခံကားစီးပြီး အခမ်းအနားသို့ သွားရောက်မည့်အစား သူတို့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်ထားတဲ့ ဆိုင်ကယ်ဘီးကြီးစီးရန်သာ ဆုံးဖြတ်ခဲ့သည်။

ထို့နောက် သတို့သမီးဝတ်စုံအတွက်ကို ဆိုင်ကယ်မောင်းရအဆင်ပြေအောင် ကိုယ်တိုင်ဒီဇိုင်းဆွဲပြီး ချုပ်ခိုင်းခဲ့ပြီး ဘိုးဖိနပ်အရှည်နှင့် အမိုက်စားဖြစ်နေခဲ့သည်။

ထို့အတူ သတို့သားနှင့် သတို့သမီးသည် ဆိုင်ကယ်တူတူမစီးပဲ တစ်ယောက်တစ်စီးစီနဲ့ ခန်းမဆောင်သို့ လာရောက်ခြင်းဖြင့် လမ်းတစ်လျှောက်လုံးလည်း အများ၏အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။

crd