News

ရွက်ဖျင်တဲလေး၌သာနေထိုင်ကြီးပြင်းလာခဲ့ပေမဲ့ အရည်အချင်းပြည့်မီတဲ့ အထူးအင်ဂျင်နီယာ တစ်ဦးဖြစ်လာခဲ့တဲ့ အမျိုးသမီးတစ်ဦး

ရွက်ဖျင်တဲလေး၌သာနေထိုင်ကြီးပြင်းလာခဲ့ပေမဲ့ အရည်အချင်းပြည့်မီတဲ့ အထူးအင်ဂျင်နီယာ တစ်ဦးဖြစ်လာခဲ့တဲ့ အမျိုးသမီးတစ်ဦး

Crystalle Mae Malonzo Manalo အမည်ရှိအမျိုးသမီးဟာ 2021 ခုနှစ် နိုဝင်ဘာ 5 ရက်နေ့မှာ ” လူအတော်များများကိုလှုံ့ဆော်ခွင့်ရခဲ့လို့အရမ်းပျော်ပါတယ်” လို့ဆိုပြီး သူမရဲ့ဘဝဇာတ်ကြောင်းနဲ့အတူ သူမရဲ့ Facebook ပို့စ်မှာ ဖော်ပြခဲ့ပါတယ်။ သူမမျှဝေခဲ့တဲ့ထိုပို့စ်က ယခုလတ်တလော လူပြောများနေလျက်ရှိပါတယ်။ Crystalle ဟာ သူမက ထိုရွက်ဖျင်တဲအိမ်၌သာ နေထိုင်ကြီးပြင်းလာခဲ့ပြီး အရည်အချင်းပြည့်မီတဲ့ အင်ဂျင်နီယာတစ်ယောက်ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ သူမက ငယ်စဉ်ကတည်းက မိဘတွေနဲ့ခွဲခွါခဲ့ရတာကြောင့် စောစောစီးစီးအမှီအခိုကင်းဖို့သင်ယူနိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။

သူမရဲ့မိခင်က သူမနဲ့သူမရဲ့မွေးချင်းတွေကို မထောက်ပံ့ပေးနိုင်တော့တဲ့အခါ စတိုရဆိုင်ငယ်တစ်ဆိုင်ရဲ့ဆိုင်ပိုင်ရှင်နှင့် ကလေးထိန်းတစ်ဦးဖြစ်တဲ့ Lola Gloriaအမည်ရှိသူမရဲ့အဘွားဖြစ်သူကသာ သူမရဲ့ပညာရေးကိုတာဝန်ယူပေးခဲ့ပါတယ်။သူမတို့မိဘများက ဖိလစ်ပိုင်နိုင်ငံ Pansol ဒေသ၊ Laguna မြို့မှာရှိတဲ့အပန်းဖြေစခန်းမှာ သန့်ရှင်းရေးအလုပ်လုပ်ကိုင်ပြီး သူမတို့ကို ပြုစုပျိုးထောင်ခဲ့ကြပါတယ်။ သူမဘဝက အရမ်းခက်ခဲခဲ့တာကြောင့် Crystalle ဟာ ကုန်ကျစရိတ်များကိုကာမိစေရန် သူမတို့ ကျောင်းမှာစာသင်ရင်း မရှက်မကြောက်ဘဲ ကုန်ပစ္စည်းများပါရောင်းချခဲ့ရပါတယ်။

ထို့ပြင် သူမဟာ ပုဂ္ဂလိကကျောင်းမှာကောလိပ်တက်ရန်ကြိုးစားခဲ့ပြီး သူမရဲ့ ဇွဲလုံ့လကြောင့် ကျူရှင်ကြေးကိုလည်းလျှော့ဈေးနဲ့ရရှိခဲ့ကြောင်းဆိုပါတယ်။ “ ကျွန်မရဲ့မိသားစုတစ်ခုလုံးက ကျွန်မရဲ့စွန့်လွှတ်အနစ်နာခံမှုအတွက် အရမ်းဂုဏ်ယူခဲ့ကြတယ် ၊ အထူးသဖြင့် အဘွားပါဘဲ ” လို့ Crystalle ကဆိုခဲ့ပါတယ်။

Crystalle ဟာColegio De San Juan De Letran-Calamba မှစက်မှုအင်ဂျင်နီယာသိပ္ပံဘွဲ့ဖြင့်ဘွဲ့ရရှိခဲ့ပြီးသူမဟာသူမတို့ရဲ့စာသင်နှစ်အသုတ်မှာ Academic Excellence Award ကိုလက်ခံရရှိသူလည်းဖြစ်ခဲ့ပါတယ်။ထို့ပြင် သူမက 2020 ခုနှစ် ဖေဖော်ဝါရီလမှာ စက်ပိုင်းဆိုင်ရာအင်ဂျင်နီယာလိုင်စင်စာမေးပွဲကိုအောင်မြင်ခဲ့သူများထဲမှတစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိ Crystalle က Manila Water မှာ Shift Lead Engineer အဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။

အဘွား Gloria က သူမမြေးမလေး ဘုတ်အဖွဲ့ စာမေးပွဲအောင်တဲ့သူတစ်ယောက်ဖြစ်ကြောင်းသိလိုက်ရတဲ့အခါမှာ ” Crystalle ကျောင်းတက်တုန်းက သူမဖြတ်သန်းခဲ့သမျှတွေကိုပြန်တွေးမိပြီး ကျွန်မတို့ သူမကျောင်းစရိတ်မပေးနိုင်ခဲ့တဲ့အဖြစ်အပျက်တွေကို တွေးနေမိတယ်၊ အခုတော့ သူမကိုအင်ဂျင်နီယာတစ်ယောက်ဖြစ်ဖို့ဆုတောင်းပေးရုံပါပဲ၊ ကျွန်မရဲ့မြေးမလေးကို မပစ်ထားတဲ့အတွက် ဘုရားသခင်ကိုကျေးဇူးတင်တယ်“ လို့ဆိုတဲ့အပြင်၎င်းတို့ရဲ့ရွက်ဖျင်တဲပေါ်မှာချိတ်ဆွဲထားတဲ့Crystalle ရဲ့ဘွဲ့ရဓာတ်ပုံ posterက သူမရဲ့အောင်မြင်မှုသင်္ကေတတစ်ခုအဖြစ်ရှိနေမယ်လို့လည်း ဂုဏ်ယူစွာ ပြောကြားခဲ့ပါတယ်။

crd