ထူးခြားဆန်းကြယ်လှသည့် ဗိသုကာလက်ရာအဆောက်အဦးပုံစံငယ်လေးများကို သွားကြားထိုးတံဖြင့် ပုံဖော်ပြခဲ့သည့်အမျိုးသား
ဆန်းကြယ်လှသော ဗိသုကာလက်ရာအဆောင်အဦးများကို ဒီဇိုင်းရေးဆွဲသူများဟာ ကမ္ဘာပေါ်တွင် ဝင်ငွေအကောင်းဆုံးထဲတွင် ပါဝင်နေပါတယ်။
အဆောက်အဦး၏ဒီဇိုင်းပုံစံတွေဟာ လူနေမှုအဆင့်အတန်းနှင့်ခေတ်မှီဖွံ့ဖြိုးတိုးတက်မှုတွေကိုညွှန်းဆိုနေသည့်အတွက် ကမ္ဘာကျော်သူဋ္ဌေးများဟာ ဗိသုကာရေးဆွဲမှုတွေကိုအလေးထားခဲ့ကြပါတယ်။
ဗီယက်နမ်နိုင်ငံမှ အမျိုးသားတစ်ဦးကတော့ သွားကြားထိုးတံများကိုသာ အသုံးပြုပြီး အနုပညာမြှောက်အိမ်ငယ်လေးတွေကို ဖန်တီးခဲ့ခြင်းဖြစ်ပါတယ်။ ထိုအခါမှအမျိုးသား၏အံ့ဖွယ်လက်ရာများကိုကမ္ဘာ့လူအများစုတို့ကပင်သတိထားမိလာခဲ့ခြင်းဖြစ်ပါတယ်။
အမျိုးသားဟာ Hoang Tuan Long ဟုအမည်ရပြီး အသက် ၄၈ နှစ်အရွယ်ရှိပြီဖြစ်ကာ ဟိုချီမင်းမြို့တွင် နေထိုင်လျက်ရှိပါတယ်။
crd