ဗဟုသုတ

မိခင်ဖြစ်သူရဲ့မွေးနေ့တွင် ငွေစက္ကူ ပီဆို၁သန်းအား ဖြန့်ခင်းထားပြီး Suprise လုပ်ပေးခဲ့သော သားသမီးလိမ်မာလေးများ

မိခင်ဖြစ်သူရဲ့မွေးနေ့တွင် ငွေစက္ကူ ပီဆို၁သန်းအား ဖြန့်ခင်းထားပြီး Suprise လုပ်ပေးခဲ့သော သားသမီးလိမ်မာလေးများ

ဖိလစ်ပိုင်နိုင်ငံမှ မောင်နှမတစ်စုသည် မိခင်ဖြစ်သူ၏ မွေးနေ့တွင် ပီဆို၁သန်းနှင့်အံ့အားသင့်ဖွယ်ရာ Supriseလေးလုပ်ပေးခဲ့ခြင်းဖြင့်မိခင်၏စိတ်ကူးအိပ်မက်အား အကောင်အထည် ဖော်ပေးခဲ့သည်။

မိခင်ဖြစ်သူသည် သားသမီးများ ငယ်စဥ်က ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲနှင့် အလုပ်ကြမ်းများလုပ်ကိုင်ကာ ရှာဖွေကျွေးခဲ့ရာ သူမ၏ ဘဝတွင် ပြည့်စုံချမ်းသာမှုတွေနှင့်အတူ တစ်ကြိမ်တစ်ခါလောက် နေကြည့်ဖူးချင်ခဲ့သည်။

ထိုအဖြစ်ကို သိရှိသော သားသမီးများမှာ အရွယ်ရောက်လာသည်နှင့် လုပ်ငန်းခွင်သို့ဝင်ပြီး မပျင်းမရိကြိုးစားခဲ့ရာစုဆောင်းထားသောငွေများနှင့် မိခင်ဖြစ်သူရဲ့မွေးနေ့တွင် အိပ်ရာခင်းပေါ်တွင် သပ်သပ်ရပ်ရပ် ဖြန့်ထားရင်း supriseပြုလုပ်ပေးခဲ့သည်။

crd