ဗဟုသုတ

ကားစပယ်ယာလုပ်ရင်း ချစ်သူမိန်းကလေးအား ဘွဲ့ရသည်ထိ ကျောင်းထားပေးခဲ့သော ကောင်လေးတစ်ယောက်၏ချစ်ခြင်းမေတ္တာ

ကားစပယ်ယာလုပ်ရင်း ချစ်သူမိန်းကလေးအား ဘွဲ့ရသည်ထိ ကျောင်းထားပေးခဲ့သော ကောင်လေးတစ်ယောက်၏ချစ်ခြင်းမေတ္တာ

လူသားတိုင်းက အချစ်နဲ့မကင်းကြသလို သူတို့ချစ်တဲ့သူအတွက်ဆိုရင် ဘယ်အရာမဆိုဖြည့်ဆည်းပေးဖို့ ဝန်မလေးတတ်ကြသလို ဆိုးမိုက်တဲ့သူဖြစ်နေလျှင်လည်း အခြားသူတစ်ယောက်လို ပြောင်းလဲပြီးပြုပြင်ကာ နေထိုင်သွားတတ်ကြသည်။

သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံမှ အသက် ၂၈နှစ်အရွယ် ကောင်လေးတစ်ဦးသည် ငွေကြေးချမ်းသာသည့်အသိုင်းအဝိုင်းက မဟုတ်သော်လည်း ချစ်သူမိန်းကလေးအပေါ် အရမ်းအလိုလိုက် ဂရုစိုက်ကာ ချစ်ပေးခဲ့သည်။

ချစ်သူမိန်းကလေးမှာ ငယ်စဥ်လေးတည်းက မိဘမဲ့ဖြစ်ရကာ အဖိုးအဖွားနှင့်နေထိုင်ပြီး သူမကျောင်းစရိတ်တွက်ကို မတတ်နိုင်တော့၍ ကျောင်းထွက်ရမည့်ချိန်တွင် ကောင်လေးမှ အဆင်ပြေအောင် ကူညီပေးခဲ့သည်။

ကောင်လေးသည် ဒေသရှိ ခရီးသည်ပို့ဆောင်ရေးကားတွင် နောက်လိုက်စပယ်ယာအဖြစ် အလုပ်ဝင်လုပ်ကာ ရသည့်လစာလေးကို ကိုယ်ကျိုးအတွက် မသုံးပစ်ရက်ပဲ ချစ်သူလေးကို ကျောင်းထားပေးခဲ့ပြီး မိန်းကလေးမှလည်း ကျေးဇူးသိတတ်စွာဖြင့် စာကိုကြိုးစားသင်ယူခဲ့ကာ နောက်ဆုံး လိုချင်သည့်ဘွဲ့အား အောင်မြင်စွာ ရရှိနိုင်ခဲ့ပြီဖြစ်သည်။

crd