ဗဟုသုတ

လိုင်းပေါ်ကနေတစ်ဆင့် အမိုက်စားဝတ်စုံလေးအား မှာယူဝတ်ဆင်ပြီးနောက် စျေးဝယ်ထွက်ခဲ့ရာ ထင်မှတ်မထားတဲ့ရလဒ်ကြောင့် ကြေကွဲခဲ့ရတဲ့ အမျိုးသား

ယနေ့ခေတ်တွင် အဝတ်အစား၊ဖိနပ်နှင့် စားသောက်ကုန်အပြင် အခြားသော လိုအပ်သည့် အသုံးအဆောင် ပစ္စည်းများကို အွန်လိုင်းကနေတဆင့် ဝယ်ယူခြင်းသည် အတော်လေး ရေပန်းစားလျက်ရှိသည်။

သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံမှ အမျိုးသားတစ်ဦးသည် လိုင်းပေါ်ကနေတစ်ဆင့် အမိုက်စားဝတ်စုံလေးအား မှာယူပြီးနောက် ပုံထဲကနဲ့ တခြားစီဖြစ်နေသော်လည်း မတတ်နိုင်တော့သည့်အဆုံး ကုန်တိုက်သို့ ပထမဆုံးအကြိမ် ဝတ်စားသွားပြီး စျေးဝယ်ထွက်ခဲ့သည်။

အမျိုးသားသည် ကုန်တိုက်သို့ရောက်သွားသောအခါ လိုအပ်တာလေးတွေ လိုက်ကြည့်ရင်းနဲ့ သူတို့ဆီက ဝန်ထမ်းတစ်ဦးနဲ့ ဆုံခဲ့ရာ အမျိုးသားအား ခပ်တည်တည်နဲ့ ကြမ်းတိုက်တံကို လွှဲပြောင်းပေးခဲ့သည်။

ထိုစဉ် အမျိုးသားလည်း အံ့အားသင့်သွားပြီး သန့်ရှင်းရေးဝန်ထမ်းမဟုတ်ပဲ စျေးဝယ်သူသာ ဖြစ်ကြောင်း ဆိုခဲ့ရင်း အမျိုးသားဝတ်ထားသည့် ဝတ်စုံကြောင့် လူမှားသွားကြောင်း တစ်ဖက်က ပြန်လည်ရှင်းပြခဲ့သည်။

အွန်လိုင်းမှာ သူများဝတ်ပြထားတာကို ကြည့်တော့ မိုက်နေသလောက် မိမိဝတ်လိုက်သောအခါ ဘ၀ပါပြောင်းသွားခဲ့ရတဲ့ အဖြစ်က တော်တော်ဆိုးလွန်းပါတယ်

crd