News

မသန်စွမ်းဖြစ်သွား၍ လမ်းဘေးတွင် စွန့်ပစ်ခံထားရသော ခွေးလေးများကို လမ်းပြန်လျှောက်နိုင်ရန်အတွက် ကူညီကယ်ဆယ်ပေးခဲ့သော အမျိုးသား

မသန်စွမ်းဖြစ်သွား၍ လမ်းဘေးတွင် စွန့်ပစ်ခံထားရသော ခွေးလေးများကို လမ်းပြန်လျှောက်နိုင်ရန်အတွက် ကူညီကယ်ဆယ်ပေးခဲ့သော အမျိုးသား

ထိုင်းနိုင်ငံ Takပြည်နယ်ရှိ Sam Ngaoခရိုင်တွင် နေထိုင်သော အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးသည် ဒေသရှိ မသန်စွမ်းဖြစ်နေ၍ သွားလာလှုပ်ရှားဖို့ခက်နေသော ခွေးလေးများကို အခမဲ့ ဝှီးချဲလ်လေးလုပ်ပေးကာ လမ်းပြန်လျှောက်စေခဲ့သည်။

ထို့အတူ ဒေသရှိ ဆင်းရဲချို့တဲ့သူများအတွက်လည်း ဆေးဝါးများ အိပ်ရာ အဝတ်အစားများအပြင် အခြားသော လိုအပ်သည့်အသုံးအဆောင် ပစ္စည်းများကိုလည်း လှူဒါန်းခဲ့သေးသည်။

အမျိုးသားသည် ဝှီးချဲလ်လေးအား PVC ပိုက်နှင့်အတူ ရော်ဘာပြွန်တို့ကို အသုံးပြုကာ ကိုယ်တိုင်ဆောက်လုပ်ပေးခဲ့ပြီး စိတ်အားငယ်ကာ တစ်ပါးသူဧ။်အကူအညီကို ယူနေရသော တိရစ္ဆာန်လေးများအား ပျော်ရွှင်စရာလေးအဖြစ် ဖန်တီးပေးခဲ့သည်။

လက်ရှိတွင် အမျိုးသားသည် ကိုယ်တိုင်ဖန်တီးထားသည့် ဝှီးချဲလ်လေးတွေနှင့်အတူ မသန်စွမ်းဖြစ်နေ၍ စွန့်ပစ်ခံခဲ့ရသော ခွေးလေခွေးလွင့်အကောင်ပေါင်း ၁၀၀ကျော်ကို ကယ်တင်နိုင်ခဲ့ပြီဖြစ်သည်။

crd