News

အခန်းတစ်ခန်းစာရှိတဲ့ မျိုးစုံသော နှုတ်ခမ်းနီပေါင်း ၃ ထောင်ကျော်ကို ပိုင်ဆိုင်ထားတဲ့ 6 နှစ်အရွယ် ကလေးမလေး

အခန်းတစ်ခန်းစာရှိတဲ့ မျိုးစုံသော နှုတ်ခမ်းနီပေါင်း ၃ ထောင်ကျော်ကို ပိုင်ဆိုင်ထားတဲ့ 6 နှစ်အရွယ် ကလေးမလေး

လှပတဲ့ အဝတ်အစားများများ နဲ့ နှုတ်ခမ်းနီကို ပိုင်ဆိုင်ဖို့က မိန်းကလေးတော်တော်များများရဲ့အိပ်မက်ဖြစ်ပေမယ့် အသက် 6 နှစ်သာရှိသေးတဲ့ ကလေးမလေးကတော့ ဂင်းနစ်စံချိန်တင်ထားသူဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှာ အမျိုးအစားပေါင်း 3,388 မျိုးနဲ့ နှုတ်ခမ်းနီဆိုးဆေးကို ပိုင်ဆိုင်ထားပါတယ် ။

ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းများအရ Scarlett Ashley Cheng လို့ခေါ်တဲ့ ကလေးမလေးက ငယ်စဉ်ကပင်နှုတ်ခမ်းခြောက်ပြီး မိသားစုမှ နှုတ်ခမ်းသားကို စိုစွတ်ပြီး နူးညံ့စေရန်အတွက် နှုတ်ခမ်းနီကို မကြာခဏ ဝယ်ယူပေးလေ့ရှိပါတယ် ။

ထိုအချိန်မှာ Scarlett Ashley ကရိုးရှင်းပြီး အရောင်မဲ့၊အနံ့မရှိတဲ့ နှုတ်ခမ်းနီများသာရှိခဲ့ပြီး သူမက နှုတ်ခမ်းနီများ ပိုများလာပါက ပျော်စရာကောင်းမယ်လို့ တဖြည်းဖြည်း တွေးခဲ့မိပါတယ် ။

ထိုအချိန်မှစပြီး သူမက သူမရဲ့စုဆောင်းငွေကို lip balm ဝယ်ရန် သုံးစွဲခဲ့ပြီး မိသားစုမှ လက်ဆောင်အဖြစ်လည်း ရယူခဲ့ပါတယ် ။ ထိုကဲ့သို့ပင် အနည်းငယ်ကြာလာတာနဲ့ အမျှ Scarlett Ashley မှာ သူမစုဆောင်းတဲ့ နှုတ်ခမ်းနီတွေက အခန်းတစ်ခန်းစာရှိလာထဲ့ပါတယ် ။

အဆိုပါ နှုတ်ခမ်းနီများက ကမ္ဘာတဝှမ်းရှိ အမှတ်တံဆိပ်ကြီးကြီးငယ်များမှ အရောင်မျိုးစုံ၊ ရနံ့နဲ့ ပုံသဏ္ဍာန်များစွာဖြင့် ကွဲပြားခဲ့ကြပါတယ် ။

နှုတ်ခမ်းနီပေါင်း ၃၀၀၀ ကျော်ကို ပိုင်ဆိုင်ထားတဲ့ အပြင်၊ အသက် ၈ နှစ်အရွယ် Scarlett Ashley Cheng နဲ့ သူမရဲ့ ညီမ Kaylyn တို့က ဆွေမျိုးများနဲ့ သူငယ်ချင်းများကို လက်ဆောင်ပေးရန် အော်ဂဲနစ်နှုတ်ခမ်းဗာဆေးပြုလုပ်နည်းကိုလည်း သင်ယူလေ့လာခဲ့ကြပါတယ် ။

သူတို့ညီအစ်မနှစ်ယောက်ဟာ မိဘတွေရဲ့အကူအညီနဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းဝင်ခဲ့ပြီးကံကောင်းစွာနဲ့ပဲနှုတ်ခမ်းနီးအများဆုံးပိုင်ဆိုင်ထားတဲ့အသက်အငယ်ဆုံးစံချိန်ပိုင်ရှင်စာရင်းမှာ သူတို့ရဲ့နာမည်ကို မှတ်တမ်းတင်ခဲ့ပါတယ် ။

Scarlett Ashley Cheng က ရည်မှန်းချက်ပန်းတိုင်များကို အဆင့်ဆင့်ချမှတ်ပြီး အောင်မြင်မှုရရှိခြင်းက ဘဝပိုမိုအဓိပ္ပာယ်ရှိစေတယ်လို့လည်း Scarlett Ashley Cheng က ပြောကြားခဲ့ပါတယ် ။

အနာဂတ်မှာ Scarlett Ashley က သူမရဲ့ ဝါသနာအသစ်ကို ရှာဖွေပြီး လေးလေးနက်နက် လိုက်စားခြင်းမှတပါး ထိုစုဆောင်းမှုကို ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ဆန္ဒရှိခဲ့ပါတယ် ။

crd