ဗဟုသုတ

ကျောင်းပိတ်ရက်တွေမှာ ကားဝပ်ရှော့ဆိုင်တွင် အလုပ်ဝင်လုပ်ပြီး မိသားစုအား ထောက်ပံ့ပေးနေသည့် အသက်၁၄နှစ်အရွယ် ကောင်လေး

ကျောင်းပိတ်ရက်တွေမှာ ကားဝပ်ရှော့ဆိုင်တွင် အလုပ်ဝင်လုပ်ပြီး မိသားစုအား ထောက်ပံ့ပေးနေသည့် အသက်၁၄နှစ်အရွယ် ကောင်လေး

ထိုင်းနိုင်ငံ Sa Kaeoခရိုင်တွင် နေထိုင်သော အသက်၁၄နှစ်အရွယ် ကောင်လေးသည် မွေးချင်းညီအစ်ကိုသုံးယောက်ရှိပြီး မိခင်ဖြစ်သူအား အပြင်အလုပ်ထွက်မလုပ်နိုင်ပဲ ၂နှစ်အရွယ် ညီအငယ်ဆုံးလေးကို ထိန်းရကာ စားဝတ်နေရေးအတွက် တာဝန်ယူခဲ့သည်။

ကောင်လေးဧ။် ဖခင်ဖြစ်သူကလည်း ဆောက်လုပ်ရေး အထွေထွေအလုပ်သမားတစ်ဦးသာဖြစ်သာ့်အတွက် ဝင်ငွေနည်းပါးကာ ကျောင်းပိတ်ရက်တွေမှာ ရပ်ကွက်ထဲရှိ သူငယ်ချင်းအပေါင်းအဖော်တွေနဲ့ မကစားတော့ပဲ ကားပြင်ဆိုင်တစ်ဆိုင်မှာ အလုပ်ဝင်လုပ်ခဲ့သည်။

ကောင်လေးသည် ကိုယ်အလေးချိန်အားဖြင့် အဝလွန်နေကာ အလုပ်လုပ်သည့်အခါ သူများတွေထက် ပိုမောနေခဲ့သော်လည်း လက်မလျှော့ပဲ မိခင်ဖြစ်သူနှင့် ညီငယ်လေးတွေအတွက် အလုပ်မပျင်းပဲ ကြိုးစားလုပ်ကာ အရွယ်နှင့်မလိုက်အောင် သိတတ်နားလည်မှုတွေအတွက် မိခင်ဖြစ်သူမှ သူမရဲ့သားလေးအား ဂုဏ်ယူမိကြောင်း ချီးကျူးစကားဆိုခဲ့သည်။

crd