News

ကိုယ်ဝန် ၄ လခွဲနဲ့ မွေးဖွားခဲ့၍ ကမ္ဘာ့လမစေ့ဆုံး ကလေးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့ ကလေးလေး

ကိုယ်ဝန် ၄ လခွဲနဲ့ မွေးဖွားခဲ့၍ ကမ္ဘာ့လမစေ့ဆုံး ကလေးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့ ကလေးလေး

အမေရိကန်နိုင်ငံမှ ဆေးရုံတစ်ခုတွင် မွေးဖွားသော ကလေးငယ်လေးသည် မိခင်ဖြစ်သူကိုယ်ဝန်လွယ်ထားရပြီး ၄လခွဲအကြာတွင် ရုတ်တရက်ဗိုက်နာလာပြီး ဆေးရုံသို့သွားရောက်ခဲ့စဉ်မှာ သားယောကျာ်းလေးအား မွေးဖွားခဲ့ခြင်းဖြစ်သည်။

ကလေးလေးသည် အလေးချိန် ၄၂၀ဂရမ်သာရှိပြီး များသောအားဖြင့်ပေါင်မပြည့်လမစေ့သော ကလေးငယ်များသည်မွေးဖွားပြီးနောက်ရက်မှာဆုံးပါးသွားကြပေမယ့် ထိုကလေးကတော့ အစာပြွန်နဲ့ အသက်ရှုလမ်းကြောင်းအတွက် အောက်စီဂျင်ပိုက်တို့ကို အမြဲတပ်ဆင်ထားရင်းနဲ့ အသက်ဆက်ရှင်ခဲ့သည့်အတွက် ဆရာဝန်များကပင် အံ့အားသင့်ခဲ့ကြရသည်။

ကလေးငယ်လေးသည် ဆေးရုံတွင် ၂၇၅ရက်ကြာပြီးနောက် ဆေးရုံကနေဆင်းရကာ အိမ်သို့ခေါ်ပြန်လာပြီးနောက် အခြားသောဆေးဝါးပိုက်များ တပ်ဆင်ရန် မလိုအပ်တော့ပဲ အောက်စီဂျင်ပိုက်လေးကိုသာ တပ်ဆင်ထားရပြီး ကျန်းမာသည့် ကလေးလေး ပြန်ဖြစ်သွားသည့်အတွက် ကမ္ဘာ့လမစေ့ဆုံးမွေးဖွားလာသည့်ကလေးငယ်လေးအဖြစ် ဂင်းနစ်စံချိန် မှတ်တမ်းပင် တင်နိုင်ခဲ့သည်။

crd