ဗဟုသုတ

ဇနီးနှင့်သားသမီးသုံးယောက်လုံးကို ဆုံးရှုံးခဲ့ပြီးနောက် အုတ်ဂူဆောက်လုပ်ကာ ခေါင်းတလားထဲမှာသာ အိပ်စက်နေထိုင်ခဲ့သော အဖိုးအို

ဇနီးနှင့်သားသမီးသုံးယောက်လုံးကို ဆုံးရှုံးခဲ့ပြီးနောက် အုတ်ဂူဆောက်လုပ်ကာ ခေါင်းတလားထဲမှာသာ အိပ်စက်နေထိုင်ခဲ့သော အဖိုးအို

တရုတ်နိုင်ငံ Dong Anခရိုင်ရှိ တောင်ပေါ်ဒေသတွင် နေထိုင်သော အသက်၉၄နှစ်အရွယ် အဖိုးအိုတစ်ဦးသည် ဇနီးနှင့် သားသမီးသုံးယောက်ရှိသော်လည်း ကံမကောင်းစွာဖြင့် သားအကြီးဆုံးနှစ်ယောက်မှာ သုံးနှစ်သားအရွယ်တွင် ရောဂါအခံကြောင့် ဆုံးပါးသွားခဲ့၍ ဝမ်းနည်းကြေကွဲခြင်းများစွာဖြင့် နောက်ထပ် ကလေးယူခဲ့သည်။

ထိုစဉ် အငယ်ဆုံးသမီးလေးကို မွေးဖွားခဲ့၍ ပျော်ရွှင်လို့မဆုံးခင်မှာပဲ မွေးရာပါ ဝက်ရူးပြန်ရောဂါကို ခံစားပြီးနောက် ဇနီးဖြစ်သူမှာ သားသမီးတွေစိတ်နဲ့ အိပ်ရာထဲမှာပဲ လှဲနေရင်းက ထပ်မံကွယ်လွန်သွားခဲ့ရပြန်သည်။

ထို့ကြောင့် အဖိုးအိုသည် အခြားသော ရွာသူရွာသားများအား ရောဂါဖြစ်သည့်အခါ ကုသပေးနိုင်သလောက် အသက်ကိုကယ်တင်ပေးရန် ဆုံးဖြတ်ခဲ့ပြီး ဆေးပညာနှင့်ပက်သက်တာအားလုံးကို လေ့လာခဲ့ပြီးနောက် အခမဲ့ကုသပေးခဲ့ရာ နောက်ဆုံး တရားဝင်ကုသခွင့်လက်မှတ်ကို ရရှိခဲ့သည်။

အဖိုးအိုသည် လူနာများဆီကနေ စေတနာရှိသလောက် ပေးကမ်းသောငွေအချို့ရှိရာအုတ်ဂူလေးတစ်ခုဆောက်လုပ်ပြီးထိုအထဲတွင်နေထိုင်ခဲ့ရာ အခေါင်းတလားအောက်မှာသာ အိပ်စက်ခဲ့ပြီး ဇနီးနှင့် သားသမီးတွေကို အမြန်ဆုံးပြန်ဆုံတွေ့နိုင်ရန် မျှော်လင့်နေခဲ့သည်။

crd