ဗဟုသုတ

ဝက်ဝံကြီးကို မကြောက်မရွှံ့တွန်းထုတ်ပြီး ခွေးလေးတွေကို ကယ်တင်နိုင်ခဲ့တဲ့ ရဲစွမ်းသတ္တိအပြည့်နဲ့ ကောင်မလေး

ဝက်ဝံကြီးကို မကြောက်မရွှံ့တွန်းထုတ်ပြီး ခွေးလေးတွေကို ကယ်တင်နိုင်ခဲ့တဲ့ ရဲစွမ်းသတ္တိအပြည့်နဲ့ ကောင်မလေး

များစွာသော ခွေးပိုင်ရှင်တွေအတွက် သူတို့ဆီမာရှိတဲ့ ခြေလေးချောင်းတိရိစ္ဆာန်တွေတိုင်းက သူတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်တွေ မဟုတ်ကြပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ မိသားစု၀င်တွေပါဘဲ၊ သင်ဂရုစိုက်စောင့်ရှောက်ဖို့လိုအပ်တဲ့ ကလေးတွေပါ။

မကြာသေးမီက ၁၇နှစ်အရွယ် ရဲစွမ်းသတ္တိရှိတဲ့ မိန်ကလေးတစ်ဦးဟာ ဝက်ဝံကြီးနဲ့ သူမခွေးတွေ တိုက်ခိုက်နေကို မြင်လိုက်တဲ့အခါမှာ သူမရဲ့အိမ်နောက်ဖေးခြံစည်းရိုးကနေ သူမက ဝက်ဝံကြီးကို တွန်းထုတ်နေတဲ့ ဗီဒီယိုလေးဟာ လူမှုကွန်ယက်ပေါ် ပျံ့နှံ့ သွားခဲ့ပါတယ်။ ဒီဗီဒီယိုကို လူမှုကွန်ယက်မှာ ဝေမျှခဲ့ပြီး TikTok မှာ အကြိမ်ပေါင်း ၆၄ သန်းကြည့်ရှုခဲ့ပါတယ်။

ယင်းအဖြစ်အပျက်ကတော့ ခွေးတွေက ပုံမှန်အားဖြင့် ဟောင်တတ်ကြပါတယ်။ သူမရဲ့ခွေးတွေဟာ အခြားတိရိစ္ဆာန်တွေကို မကြာခဏဟောင်လေ့ရှိပေမဲ့လည်း၊ Hailey လို့ခေါ်တဲ့ သခင်ဖြစ်သူက ကြည့်ရန်သွားခဲ့ပါတယ်။ သူမထွက်သွားတဲ့အခါမှာ အစတော့ ဘာမှမဟုတ်လောက်ဘူးဆိုပြီး သူမတွေးခဲ့ပါတယ်။

နောက်တော့မှ ဝက်ဝံကြီးက မြေပြင်မှာရှိနေတဲ့ သူမရဲ့ခွေးတစ်ကောင်ကို ဆွဲတင်ရန်လုပ်နေတာကို မြင်လိုက်ပြီးနောက် Hailey အပြေးအလွှားပြေးလာပြီးဝက်ဝံကြီးကိုတွန်ချလိုက်ပါတယ်။နောက်ဆုံးမှာတော့ သူမရဲ့ခွေးလေးကိုကယ်လိုက်နိုင်ပြီး အင်တာနက်ပေါ်မှာ Hailey လေးဟာ သူရဲကောင်းကြီးဆိုပြီး နာမည်ကျော်ကြားသွားပါတယ်။

crd