ဗဟုသုတ

လေဖြတ်သွားသော ဇနီးသည်ကို နှစ်ပေါင်း၂၀ကြာသည်ထိ မေတ္တာမပြတ် ဂရုစိုက်ကာ ပြုစုခဲ့သည့် ခင်ပွန်းကောင်း

လေဖြတ်သွားသော ဇနီးသည်ကို နှစ်ပေါင်း၂၀ကြာသည်ထိ မေတ္တာမပြတ် ဂရုစိုက်ကာ ပြုစုခဲ့သည့် ခင်ပွန်းကောင်း

ဗီယက်နမ်နိုင်ငံမှ အသက်၆၆နှစ်အရွယ် ဇနီးမောင်နှံနှစ်ဦးသည် ငယ်သူငယ်ချင်းတွေကနေ ချစ်သူရည်းစားအဆင့်ရောက်ရှိကာ လက်ထပ်လိုက်ကြပေမယ့် တစ်ဦးပေါ်တစ်ဦးထားတဲ့ ချစ်ခြင်းမေတ္တာမှာ ကြီးမားလှပေသည်။

အမျိုးသားသည် အခြားနယ်ဝေးသို့ အလုပ်သဘောအရပြောင်းရွှေ့ခဲ့ရာ သားသမီးနှစ်ယောက်မွေးဖွားစဥ် ဇနီးဖြစ်သူမှာ ကိုယ်လက်လှုပ်ရှား၍မရပဲ စကားလည်းမပြောနိုင်နဲ့ လေဖြတ်သွားခဲ့သည်။

ထိုအဖြစ်ကြောင့် ခင်ပွန်းဖြစ်သူသည် အဝေးကအလုပ်ကနေ ထွက်ခဲ့ပြီး နှစ်ပေါင်း၂၀ကြာသည်ထိ စိတ်ပျက်ငြီးငွေ့ခြင်းမရှိပဲ ပြုစုစောင့်ရှောက်ပေးလာခဲ့ရာ နောက်ဆုံးတွင် ပြန်ပြီးတော့ ကိုယ့်ကိုယ်ကို လှုပ်ရှားနိုင်လာသည့်အတွက်ကြောင့် အိမ်နီးနားချင်းများက သူတို့ဇနီးမောင်နှံရဲ့ ချစ်ခြင်းမေတ္တာကို ချီးမွမ်းခဲ့ကြသည်။

crd