News

ကလေးသုံးယောက်ရဲ့ပညာရေးအတွက် နေ့စဉ်လမ်းမပေါ်ထွက်ပြီး စျေးရောင်းကောင်းအောင် သီချင်းဆိုဖျော်ဖြေကပြရင်းနဲ့ ဝင်ငွေရှာနေသော ဖခင်

ကလေးသုံးယောက်ရဲ့ပညာရေးအတွက် နေ့စဉ်လမ်းမပေါ်ထွက်ပြီး စျေးရောင်းကောင်းအောင် သီချင်းဆိုဖျော်ဖြေကပြရင်းနဲ့ ဝင်ငွေရှာနေသော ဖခင်

မိဘတိုင်းသည် သားသမီးတွေ ဘဝကောင်းစားအတွက်ဖို့ဆိုရင် အရှက်အကြောက်ကင်းစွာ လူကြားထဲလည်းမသိတော့ပဲ ဝင်ငွေရဖို့အတွက်ကိုသာ အာရုံစိုက်ပြီး ရှာကြံကြသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက်၄၀အရွယ် ဖခင်တစ်ဦးသည် သားသမီးသုံးယောက်ရှိရာ အကုန်လုံးက စာတော်ကြသည့်အတွက် စားဝတ်နေရေးအဆင်မပြေသော်လည်း ကျောင်းမထွက်ခိုင်းရက်ပဲ ဇနီးဖြစ်သူနှင့်အတူ လမ်းမပေါ်ထွက်ပြီး စျေးရောင်းခဲ့သည်။

ဖခင်ဖြစ်သူသည် လမ်းမပေါ်တွင် အဆာပြေမုန့်နှင့် စားစရာအချို့ကို ရောင်းချရင်း အသက်မွေး၀မ်းကျောင်းပြုခဲ့သည်မှာ ၁၅ နှစ်ကြာပြီဖြစ်ပြီးအရောင်းပါးလာသည့်အခါ ဝယ်သူများကို ဆွဲဆောင်ရန်အတွက် လမ်းဘေးမှာပဲ သီချင်းဖွင့်ကာ ကပြဖျော်ဖြေခဲ့သည်။

ဖခင်ဖြစ်သူသည် ထိုသို့လမ်းဘေးမှာ ကခုန်နေခြင်းဖြင့် အချို့ကျ စျေးဝယ်ခြင်းမရှိသည့်အပြင် ရယ်မောလှောင်ပြောင်သွားခဲ့ပေမယ့် သားသမီးသုံးယောက်ရဲ့ ပညာရေးအတွက် ဝင်ငွေများများရအောင်သာ လုပ်ဆောင်ခဲ့သည့်အတွက် လေးစားဖွယ် ကောင်းလှသည်။

crd