ဗဟုသုတ

Totoro ကာတွန်းဇာတ်ကောင်ကို ကြိုက်လွန်း၍ ထိုအရုပ်ပုံစံရုပ်တုကို ဘိလပ်မြေတို့နှင့် ပုံဖော်ပြုလုပ်ခဲ့သော သက်ကြီးရွယ်အို ဇနီးမောင်နှံ

Totoro ကာတွန်းဇာတ်ကောင်ကို ကြိုက်လွန်း၍ ထိုအရုပ်ပုံစံရုပ်တုကို ဘိလပ်မြေတို့နှင့် ပုံဖော်ပြုလုပ်ခဲ့သော သက်ကြီးရွယ်အို ဇနီးမောင်နှံ

ဂျပန်နိုင်ငံရှိ ကျေးလက်ဒေသတွင် နေထိုင်သော အသက်၇၀အရွယ် အဖိုးအဖွား ဇနီးမောင်နှံသည် ကာတွန်းကားထဲမှ Totoro အမည်ရှိသည့် ဇာတ်ကောင်ကို အလွန်နှစ်သက်ကာ အထိမ်းအမှတ်အဖြစ် ရုပ်ပုံတူကို ပြုလုပ်ခဲ့သည်။

သူတို့ဇနီးမောင်နှံသည် အလုပ်ကနေ အငြိမ်းစားရချိန်တွင် Totoroနှင့် ရုပ်ပုံတူကို ပြုလုပ်ရန်အတွက် စိတ်ကူးရခဲ့ပြီး ကားလမ်းဘေးမှာ ပြုလုပ်မည်ဖြစ်၍ လေပြင်းတိုက်ခတ်မှုဒဏ်ကို ခံနိုင်ရန် သစ်သားပြားများကို သေချာသံမှိုနှင့် ရိုက်ထည့်ကာ ဘိလပ်မြေနှင့် ဖုံးအုပ်စေခဲ့သည်။

ထိုရုပ်ပုံကို တည်ဆောက်စဥ် ကာတွန်းဇာတ်ကောင်ကို ကြိုက်နှစ်သက်သော ဝါသနာတူ အိမ်နီးနားချင်းကို ဝိုင်းဝန်းကူညီပေးဖို့ တောင်းဆိုခဲ့ပြီးနောက် Totoroနဲ့ တစ်ပုံစံတည်း ဆောက်လုပ်နိုင်ခဲ့ရာ ကားမှတ်တိုင်နားလေးမှာဖြစ်သည့်အတွက် ခရီးသွားအများစုမှာ ထိုအရုပ်ကြီးနဲ့အတူ အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

crd