News

တိရိစ္ဆာန်လေးတွေကို ချစ်တာမို့ အသားစားရန် ငြင်းဆန်နေတဲ့ ချစ်စရာ ၅ နှစ်အရွယ်ကလေးမလေးရဲ့အမူအရာ (ရုပ်သံ)

တိရိစ္ဆာန်လေးတွေကို ချစ်တာမို့ အသားစားရန် ငြင်းဆန်နေတဲ့ ချစ်စရာ ၅ နှစ်အရွယ်ကလေးမလေးရဲ့အမူအရာ (ရုပ်သံ)

၅ နှစ်အရွယ်ကလေးငယ်က သူမ အသားမစားတော့ဘူးဆိုတဲ့အကြောင်း နဲ့ သက်သတ်လွတ်စားရန် ဆုံးဖြတ်ချက်အတွက် အကောင်းဆုံး ရှင်းပြချက်နဲ့ မိခင်ကို ပြောပြပါတယ် ။

ဒီကြည်နူးဖွယ်ကောင်းတဲ့ ဗီဒီယိုမှာ Zada ​​ဆိုတဲ့မိန်းကလေးငယ်က သူမ အမေကို အသားမစားချင်တော့ဘူးလို့ မျက်ရည်ဝဲပြီး ပြောဆိုနေခဲ့ပါတယ် ။

သူမအသားစားဖို့ ငြင်းဆန်ရတဲ့ အကြောင်းရင်းကို မေးမြန်းတဲ့အခါ Zada ​​က သူဟာ တိရိစ္ဆာန်တွေကို အလွန်ချစ်မြတ်နိုးကြောင်း၊

သူမ မချက်စားချင်ကြောင့် ပြောကြားခဲ့ပါတယ် ။Zada ရဲ့ မိခင်က အသားမစားတော့ဘူးဆိုတဲ့ သူမသမီးရဲ့ ဆုံးဖြတ်ချက်ကို ဆက်လက်ပြီး မေးခွန်းထုတ်နေဆဲဖြစ်ပါတယ် ။

ဒါပေမဲ့ သူမက သူမရဲ့အမေကို အသားမစားနိုင်ဘူးလို့ဘဲ အမေ့ကို ပြန်လည်ဖြေကြားနေဆဲပါ ။

ငါးက တိရိစ္ဆာန်တွေ မဟုတ်ဘူးလို့ သူမထင်ပေမဲ့လည်း သူတို့ကို မစားနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ် ။ ဒီကလေးမရဲ့အသားမစားတဲ့အကြောင်းပြချက်ပေးပုံကို ဗီဒီယိုနဲ့ ပြန်လည်ဝေမျှထားပါတယ် ။

ရုပ်သံ

crd