ဗဟုသုတ

သခင်ဖြစ်သူ၏ အဝတ်စားများအား ကူကာလျှော်ပေးခဲ့သော ချစ်စဖွယ် ခွေးငယ်လေး

သခင်ဖြစ်သူ၏ အဝတ်စားများအား ကူကာလျှော်ပေးခဲ့သော ချစ်စဖွယ် ခွေးငယ်လေး

ခွေးလေးများသည် အိမ်မွေးတိရစ္ဆာန်ထဲတွင် ချစ်စရာအကောင်းဆုံးနှင့် အဖော်ရွေတတ်ဆုံးဖြစ်ကာ မိမိသခင်အပေါ် သစ္စာရှိပေး ရုံမက အိမ်မှုကိစ္စအဝဝကိုလည်း ဖေးမကူညီလျက်ရှိသည်။

ယခုအခါတွင်လည်း သြစတြေးလျရှိ မာရိအမည်ရှိသော မိန်းကလေး၏ အိမ်တွင်မွေးထားသော ခွေးလေးတစ်ကောင်သည် သိတတ်လိမ်မာကာ သခင်ဖြစ်သူ၏ အဝတ်စားများကို ဘေးကနေ ကူလျှော်ပေးခဲ့သော အဖြစ်ပျက်လေးသည် လူမှုကွန်ယက်တွင် ရေပန်းစားခဲ့သည်။

ခွေးလေးသည် သခင်ဖြစ်သူနှင့်အတူ အဝတ်လျှော်စက်တွင် ရောက်ရှိနေပြီး လျှော်ပြီး၍ ရေညှစ်ထားသောအဝတ်များကို ခွေးလေးမှတစ်ထည်ချင်းပါးစပ်နှင့် ကိုက်ယူကာ ခြင်းတောင်းထဲ ထည့်ခဲ့သည်။

ထို့နောက် အဝတ်စားများကို ချိတ်နှင့်တပ်ထားစဉ် ခွေးလေးမှ တန်းပေါ်တွင် တစ်ထည်ချင်းယူကာ တင်လှန်းပေးခဲ့သေး၍ အများမှ ခွေးလေး၏ ဉာဏ်ကောင်းခြင်းကို ချီးကျူးကာ အရမ်းချစ်ဖို့ကောင်းနေ၍ မွေးစားချင်နေကြသည်။

1.

2.

crd