ဗဟုသုတ

ယာဉ်မောင်းလိုင်စင်မရှိတဲ့အဆုံး ကလေးအရုပ်ကားကို မောင်းပြီးကျောင်းတက်ခဲ့တဲ့ မိန်းကလေး (ရုပ်သံ)

ယာဉ်မောင်းလိုင်စင်မရှိတဲ့အဆုံး ကလေးအရုပ်ကားကို မောင်းပြီးကျောင်းတက်ခဲ့တဲ့ မိန်းကလေး (ရုပ်သံ)

Tara Monore အမည်ရှိတဲ့ မိန်းကလေးဟာ Texas State University မှ ကျောင်းသူလေးတစ်ဦးပါ ။တစ်ရက်မှာတော့ သူမဟာ ကားမောင်းနေရင်း သောက်စားထားခြင်းရှိ/မရှိ စစ်ဆေးတဲ့ ယာဉ်ထိန်ရဲတို့အသုံးပြုတဲ့ Breathalyzer test ကို စစ်ဆေးခံဖို့ ငြင်းဆိုခဲ့လို့ ယာဉ်မောင်းလိုင်စင် ယာယီထိန်းသိမ်းရပ်ဆိုင်းထားခြင်းခံခဲ့ရပါတယ် ။

အဆိုပါ သတင်းကိုကြားတာနဲ့ ဖခင်ဖြစ်သူကလည်း သူမရဲ့ကားကို လာရောက်သိမ်းဆည်းပြီး ကျောင်းသွားဖို့ သူမအတွက် စက်ဘီးတစ်စီးသာ ချန်ထားရစ်ပေးခဲ့ပါတယ် ။ဒါကြောင့် ယာဉ်မောင်းလိုင်စင်ပြန်မရခင် အသုံးပြုဖို့ ကားတစ်စီးကို သူမရှာဖွေခဲ့ပါတော့တယ် ။

အဲဒါကတော့ Charlene ဆိုတဲ့ ကလေးမဆီကနေအရုပ်မကားလေးကို $60 ပေးပြီး ဝယ်ယူခဲ့လို့ပါပဲ ။ ထိုအချိန်ကတည်းက သူမဟာ အဆိုပါအရုပ်ကားလေးနဲ့ တက္ကသိုလ်အနှံ့လည်ပတ်မောင်းနှင်လေ့ရှိပါတယ် ။

သူမရဲ့ထူးဆန်းတဲ့ ကားလေးကြောင့် အခြားကျောင်းသူတွေက သူမရဲ့အဖြစ်ကို video ရိုက်ကူးပြီး social media ပေါ် ဝေမျှခဲ့လို့ သူမဟာ ကျောင်းမှာ အတော့်ကိုနာမည်ကြီးတဲ့ ကျောင်းသူတစ်ဦး ဖြစ်လာခဲ့ပါတော့တယ် ။

crd