ဗဟုသုတ

တောရွာလေးမှာ လှပလွန်းတဲ့ဝါးအိမ်တွေ တည်ဆောက်ဖို့ အောင်မြင်နေတဲ့လုပ်ငန်းကြီးကို စွန့်လွတ်ပစ်ခဲ့တဲ့ အမျိုးသမီး

တောရွာလေးမှာ လှပလွန်းတဲ့ဝါးအိမ်တွေ တည်ဆောက်ဖို့ အောင်မြင်နေတဲ့လုပ်ငန်းကြီးကို စွန့်လွတ်ပစ်ခဲ့တဲ့ အမျိုးသမီး

Elora Hardy နဲ့ သူမရဲ့ဖခင် John Hardy တို့ဟာ သဘာဝတရား နဲ့ အနီးကပ်နေထိုင်ရခြင်းဟာ ပျော်ရွှင်မှုရှိပြီး ပိုမိုကျန်းမာစေကြောင်းကို ယုံကြည်နေကြတာပါ ။

ဒါ့ကြောင့် Elora ဟာ New York မြို့မှာ သူမအောင်မြင်တဲ့ ဖက်ရှင်အသက်မွေးဝမ်းကျောင်းမှုကို စွန့်လွှတ်ပြီး ဝါးအိမ်များဆောက်လုပ်ရန် တောထဲကို ထွက်ခွာသွားခဲ့ပါတယ် ။

Bali အခြေစိုက် ဒီဇိုင်နာများ၊ ဗိသုကာများနဲ့ လက်မှုပညာရှင်များနဲ့ အတူ Canada လက်ဝတ်ရတနာဒီဇိုင်းပညာရှင် တစ်ဦးဖြစ်တဲ့ Elora က သူ့ရဲ့လုပ်ငန်းတွေကို စွန့်လွှတ်ပြီး

သူမရဲ့ဖခင်တို့နဲ့အတူ စိမ်းလန်းစိုပြေတဲ့ သစ်တောများနဲ့ ဝန်းရံထားပြီး အိမ် ၁၂ လုံးပါဝင်တဲ့ Green Village ကို စတင်ဖန်တီးခဲ့ကြပါတယ် ။

သူတို့ရဲ့အိမ်ဟာ ရေရှည်တည်တံ့ခိုင်မြဲပြီး တစ်ခုစီဟာ ဒီဇိုင်းမျိုးစုံနဲ့ ကွဲပြားပြီး ထူးခြားစေခဲ့ပါတယ် ။အိမ်ကို ပတ်ဝန်းကျင်ရဲ့ သဘာဝအလှတရားတွေ မဖျက်ဆီးဘဲ တည်ဆောက်ခဲ့တာပါ ။

သူတို့ကအုန်းပင်ကို အိမ်ပတ်လည်မှာ အမိုးအဖြစ် အသုံးပြုလိုက်ပါတယ် ။ “ကျွန်ုပ်တို့ရဲ့ နေအိမ်ဟာ မနက်ခင်းနိုးလာတာနဲ့ သာယာပျော်မြူးဖွယ်ကောင်းတဲ့

ငှက်တေးသံလေးကြားပြီး နိုးထရတာက ပျော်စရာကောင်းတယ် ၊ စိတ်ချမ်းသာတယ် ” လို့ ဖခင်ဖြစ်သူ John က ဆိုပါတယ် ။

နှစ်အနည်းငယ်အတွင်းသံမဏိရဲ့ အင်အားနဲ့ အလေးချိန်အချိုးအစားရှိခြင်းဖြင့် ဝါးများဟာ ကွန်ကရစ်ရဲ့ ဖိအားစွမ်းအားရှိပြီး ကောင်းမွန်စွာ ကုသပါက တစ်သက်တာလုံးတည်တံ့နိုင်ပါတယ် ။

crd