ဗဟုသုတ

‘ဆယ်စုနှစ်ချီ ခံစားနေရတဲ့ ဒူးနာ ခါးနာ အရိုးအဆစ်နာ ဝေဒနာအတွက် ကိုယ်နဲ့ထိုက်လို့ ရခဲ့တဲ့လိမ်းဆေး’

‘ဆယ်စုနှစ်ချီ ခံစားနေရတဲ့ ဒူးနာ ခါးနာ အရိုးအဆစ်နာ ဝေဒနာအတွက် ကိုယ်နဲ့ထိုက်လို့ ရခဲ့တဲ့လိမ်းဆေး’

ဆယ်စုနှစ်ချီ ခံစားနေရတဲ့ ဒူးနာ ခါးနာအရိုးအဆစ်နာဝေဒနာအတွက်ကိုယ်နဲ့ထိုက်လို့ရခဲ့တဲ့လိမ်းဆေးလွန်ခဲ့သော နှစ်၂၀ နီးပါးကထဲကရခဲ့သော ဆေးနည်းဖြစ်ပါသည် အပြင်းအထန် လေ့ကျင့်ခဲ့ကြသော အားကစားသမားများတွင် sport injury တစ်ခုမဟုတ် တစ်ခု ရတတ်ပါသည် ကျွန်တော့်တွင်လည်း ခါးနာခြင်း နှင့် ဒူးနာခြင်း ရခဲ့ပါသည်။

အားကစားမလေ့ကျင့်သူများလည်း ဒူးနာခါးနာ အရိုးအဆစ်များ အကြောင်းအမျိ ုးမျိုးနှင့်နာတတ်ပါသည်ကျွန်တော့ ခါးနာခြင်းက အမြဲတမ်းမနာဘဲ အကြောင်းအကျိုး မသင့်သည့်အခါ အိပ်ယာထဲလှဲနေရသည်အထိနာပီး သက်သာသွားလျှင် မနာတော့ပါဒူးနာခြင်းကတော့ ဆယ်စုနှစ်တစ်ခုတိုင်ခဲ့ပါသည် ဤဆေးနည်းရခဲ့သည်မှာ ဆယ်စုနှစ်ချီခဲ့ပီဖြစ်သော်လည်း အသုးံမပြု ုဖြစ်ခဲ့ဘဲ အခြား မြန်မာ နိုင်ငံခြားလိမ်းဆေး ပေါင်းစုံလိမ်းခဲ့ပါသည် နာနေသည့် ဒူးဆစ်အရိုးတွင် ဆရာဝန်ဖြင့်ဆေးထိုးခြင်းကိုပါ ပြု လုပ်ခဲ့ပါသည်။

ဘယ်ဆေးနည်းကမျှ မသက်သာမပျောက်ကင်းခဲ့ပါ ဤဆေးနည်းရခဲ့သည်မှာ ကြာမြင့်လှပီဖြစ်သော်လည်း မထိုက်သေးသဖြင့် အသုံးမပြု ဖြစ်ဘဲ ရောဂါကိုမွေးမြူ လာခဲ့သည်မှာ ဒူးတဖက်ယောင်ကိုင်းပီးကွေးဆန့်မကောင်းတော့ပါဆယ်စုနှစ်ကျော်ကြာပီးမှ အသုံးပြု ပီးသက်သာပျောက်ကင်းခဲ့သဖြင့်ဝေဒနာခံစားခဲ့ရသည့်ကုန်လွန်ခဲ့သောအချိန်များကို နှမြောမိပါသည်

အစွမ်းထက်လှသော ဤဆေးနည်းကို နာကျင်ကိုက်ခဲမှုအမျိုးမျိုးဖြစ်ကြသော ဆွေမျိုး မိတ်ဆွေ တပည့်သားသမီးတို့ကို ပေးခဲ့ပါသည်။ဂါထာပေး တေးဖြစ်ဆိုသလို အချို့ က သူတို့အတွက် အလွယ်တကူရသော ဆေးနည်းဖြစ်သဖြင့် လေးလေးစားစားအသုံးမပြု ဖြစ်ကြသည်ကို သိခဲ့ရပါသည်လေးစားစားအသုံးပြု သူများတွင် ဆေးအကျို းကို အချိန်တိုအတွင်း အစွမ်းထက်စွာခံစားကြရပါသည်ကျွန်တော်ကိုယ်တိုင်တောင်မှ ဆယ်နှစ်ကျော်ကြာမှ ထိုက်သည့်ဆေးနည်းဖြစ်ပါသည်။

ထိုက်သူများ ရလျှင်ရချင်း လေးလေးစားစားအသုံးပြု ပီး ဆေးအကျိုးကို ခံစားနိုင်ကြပါစေဆေးနည်းကတော့ သနပ်ခါးသွေးသည့် ကျောက်ပြင်ပေါ်တွင် ဆိတ်ရိုး ကိုသွေးပါ ထွက်လာသည့် ဆိတ်ရိုးအပေါ်တွင် နှမ်းလုံးကြို င်မြစ်ကို သမသွားအောင် သွေးပါ ရလျှင် နာကျင်ကိုက်ခဲသည့်နေရာကို အသားထဲစိမ့်ဝင်သွားသည်အထိ မိနစ်၃၀ ခန့် အထပ်ထပ်အခါခါ လိမ်းပါ။

လိမ်းပီးပီးချင်းပင် သိသိသာသာ ဝေဒနာသက်သာပါလိမ့်မည် သတိပြု ရန်မှာ ဆိတ်ရိုးကိုမနဲပါစေနှင့် မိနစ် ၃၀ ခန့်အချိန်ယူပီးအထပ်ထပ်အခါခါလိမ်းပါနှမ်းလုံးကြို င်မြစ်ကို ဘယဆေးဆိုင်များတွင်ဝယ်၍ရပါသည် မရလျှင် ကျွန်တော် ဒါနပြုပါမည်ဤဆေးနည်းကို ဒေါက်တာအောင်နိုင် (ဆေးသုတေသန)ပြုစုသော ပွဲတွေ့ တိုင်းရင်းမြန်မာဆေးနည်းများစာအုပ်မှရရှိခဲ့ပါသည်။

ထိုက်သူများ ဆေးအကျိုး ခံစားနိုင်ကြပါစေ

crd