ဗဟုသုတ

သားဖြစ်သူ အလုပ်မရှိအကိုင်မရှိ အိမ်မှာဘဲနေနေတာကြောင့် သားအတွက် ပစ္စည်းဥစ္စာအဖြစ် အမှိုက်တွေကို ၁၀ နှစ်အတွင်း သိုလှောင်ထားတဲ့ အမျိုးသား

သားဖြစ်သူ အလုပ်မရှိအကိုင်မရှိ အိမ်မှာဘဲနေနေတာကြောင့် သားအတွက် ပစ္စည်းဥစ္စာအဖြစ် အမှိုက်တွေကို ၁၀ နှစ်အတွင်း သိုလှောင်ထားတဲ့ အမျိုးသား

SBS, တောင်ကိုရီးယားရုပ်မြင်သံကြားမီဒီယာတွေက လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း Gwangju ပြည်နယ်က အသက် ၇၅ နှစ်အရွယ်အဘိုးအို Choi ရဲ့ အံ့အားသင့်ဖွယ် အကြောင်းကို တင်ပြခဲ့ပါတယ် ။

သူဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း သူ့ရဲ့ နှစ်ထပ်အိမ်ကို မြို့လမ်းက အမှိုက်တွေ စုဆောင်းထားတာကြောင့် သူ့အိမ်ဟာ အမှိုက်များအဖြစ်သို့ ပြောင်းလဲစေခဲ့ပါတယ် ။

Choi က အမှိုက်သရိုက်တွေဟာ ရတနာဖြစ်တယ်လို့ ယုံကြည်ပြီး လသာဆောင်နဲ့ ခြံဝင်းနဲ့ အတူတူ သူရဲ့အိမ်ကို အမှိုက်များနဲ့ပြည့်စေခဲ့တာပါ ။

ဓါတ်ပုံတွေမှာ စာဖတ်သူတို့မြင်တဲ့အတိုင်းဘဲ၊ သူ့ရဲ့အိမ်က အမှိုက်တွေနဲ့ အတော်လေး မြှုပ်ထားပါတယ် ။

Choi ရဲ့ အိမ်ရှေ့တံခါးက အမှိုက်အိတ်တွေနဲ့ ဖုံးလွှမ်းနေတာကြောင့် SBS သတင်းထောက်တွေက စုံစမ်းရန် သူတို့ရဲ့အိမ်ကိုတက်ပြီး အတွင်းထဲရောက်တဲ့အခါမှာ အမှိုက်သရိုက်တွေက သူတို့ကို အဆက်မပြတ်ချောင်းဆိုးစေပြီး အသက်ရှူကျပ်ခြင်းနဲ့ ကြုံတွေ့ရပါတယ် ။ ဒါပေမဲ့ ထိုအိမ်ထဲမှာနေထိုင်တဲ့ မိသားစုသုံးယောက်က နှစ်ပေါင်းများစွာ ၎င်းအနံ့ကို ခံနေရတာပါ ။

Choi က အသက် ၇၀ အရွယ်ရှိ ဇနီးနဲ့ သူတို့ရဲ့သား ဟာ အမှိုက်ပြည့်နေတဲ့အိမ်မှာ ဆယ်စုနှစ်တစ်ခုကျော် နေထိုင်ခဲ့တာပါ ။

စင်္ကြံများအပါအဝင် အခြားနေရာတွေလည်း အမှိုက်နဲ့ ပြည့်နေတာကြောင့် သူတို့အားလုံးက အခန်းငယ်တစ်ခုမှာ အိပ်ကြရပါတယ် ။

“ မှန်မှန်ကန်ကန်သုံးနေသ၍ ဘယ်အရာမဆိုအသုံးဝင်တယ် ” လို့ Choi က မြို့လမ်းမတွေကို နေ့စဉ်လှည့်လည်ပြီး ကျပန်းပစ္စည်းမျိုးစုံကို စုဆောင်းထားပါတယ် ။

အသက် ၄၀ ကျော်ပြီဖြစ်တဲ့ Choi တို့ရဲ့သားက ကိုယ်အလေးချိန် ကီလိုဂရမ် ၁၀၀ ကျော် ရှိပြီး တစ်နှစ်ကျော် လုံးလုံး အပြင်မထွက် ၊

ဘာမှမလုပ်ဘဲ ဒီအခန်းကျဉ်းကျဉ်းလေးထဲမှာ တနေ့လုံး ထိုင်နေတာပါ ။ သူ့ရဲ့ မိဘတွေက သူ့ကို အပြင်ထွက်ပြီးအလုပ်ရှာဖို့ ထပ်ခါတလဲလဲ တောင်းပန်းလည်း ငြင်းဆိုခဲ့ပါတယ် ။

“ ငါ့သားက အိမ်မှာနေရတာ ကြိုက်တယ်၊ သူကအပြင်ထွက်ပြီး အလုပ်တွေမရှာတော့ ငါတို့ကိုစိတ်ပူစေတယ် ။

ငါ့မိန်းမနဲ့ငါကမကြာခင်သေရတော့မယ်၊ အထောက်အပံ့ မရှိဘဲ သူတစ်ယောက်တည်း ကျန်နေမှာကို ငါကြောက်တယ်၊

ဒါကြောင့် ငါ့အိမ်မှာ အမှိုက်တွေကို သိုလှောင်ဖို့ ဆုံးဖြတ်လိုက်တယ်။ များလေပိုကောင်းလေဘဲ ” လို့ Choi က ပြောကြားခဲ့ပါတယ် ။

ကံမကောင်းစွာဖြင့် SBS မှပေးအပ်တဲ့ကျန်းမာရေးစစ်ဆေးမှုတစ်ခုအရ Choi ရဲ့ဇနီးဟာ ပြင်းထန်တဲ့နှလုံးရောဂါခံစားနေရပါတယ်။ ဆရာဝန်တွေကသူမကိုသန့်ရှင်းတဲ့ ပတ်ဝန်းကျင်တွင်နေထိုင်ရန်နဲ့ သူမရဲ့ အခြေအနေပိုကောင်းစေရန် လေ့ကျင့်ခန်းများများလုပ်ဖို့ အကြံပြုထားပါတယ် ။

အစပိုင်းမှာ တွန့်ဆုတ်သော်လည်း ၇၅ နှစ်အရွယ်အမျိုးသား Choi က သူ့ရဲ့ဇနီးအတွက် အိမ်ကိုသန့်ရှင်းရေးလုပ်ရန် သဘောတူခဲ့ပါတယ် ။

ဆယ်နှစ်တာကာလအတွင်း စုဆောင်းထားတဲ့ အမှိုက်တန်ချိန် ၁၅၀ ကို လူ ၂၂၆ ယောက် နဲ့ ရှင်းယူခဲ့ရပါတယ် ။

အစပိုင်းမှာလင်မယားနှစ်ယောက်တို့ရဲ့သားက အခန်းထဲကနေအပြင်ထွက်ဖို့ ငြင်းဆန်ခဲ့ပြီး အလုပ်သမားတွေက အမှိုက်တွေအားလုံးရှင်းပြီးတဲ့အချိန်မှာ နောက်ဆုံး မိဘတွေနဲ့စကားပြောပြီး တစ်နှစ်ကျော်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အိမ်အပြင်ကို ထွက်ခဲ့ပါတယ် ။

နှစ်ပေါင်းများစွာ အမှိုက်တွေနဲ့နေလာပြီး ပထမဆုံးအကြိမ်သူ့အိမ်သန့်ရှင်းပြီးနောက် အမှိုက်သရိုက်တွေကင်းစင်တာကို မြင်လိုက်ရတဲ့အခါမှာတော့ Choi ကငိုပြီး“ ငါ့ဇနီးရဲ့အနာဂတ်နဲ့ကျန်းမာရေးအတွက်ငါအမှိုက်မကောက်တော့ဘူး” လို့ ပြောခဲ့ပါတယ် ။

crd