ဗဟုသုတ

အသိတရားရှိရှိနဲ့ ခြံထဲကဖရဲသီးကို ခိုးယူသွားခဲ့တဲ့ သူခိုးရဲ. လုပ်ရပ်

အသိတရားရှိရှိနဲ့ ခြံထဲကဖရဲသီးကို ခိုးယူသွားခဲ့တဲ့ သူခိုးရဲ. လုပ်ရပ်

ဒီလို သူခိုးတစ်ယောက်ရဲ့ လုပ်ရပ်ကအတော်ရှားတယ်လို့ ပြောရမှာပါပဲ ။ အကြောင်းကတော့အပင်ကဖရဲသီးကို ခိုးယူသွားခဲ့ပြီးအဆိုပါဖြုတ်ယူသွားတဲ့ ဖရဲသီးရဲ့နေရာမှာ ကျသင့်ငွေတန်ဖိုး ချန်ထားရစ်ခဲ့လို့ပါပဲ ။ ဒါကြောင့် ဖရဲသီးပိုင်ရှင်က အဆိုပါအဖြစ်အပျက်ကို ဓာတ်ပုံရိုက်ပြီး social media ပေါ်မှာ ဝေမျှပေးခဲ့ပါတယ် ။ တစ်ကယ့်ကို အသိတရားရှိလွန်းတဲ့ သူခိုးလို့ပဲပြောရမလဲ ၊ ဒါမှမဟုတ် ဆိုင်အထိ သွားဝယ်ဖို့ အပျင်ထူလွန်းတဲ့ သူလို့ပြောရမလား ပါပဲ ။ ဒါပေမဲ့ဘယ်လိုမျိုးပဲဖြစ်နေပါစေ ပိုင်ရှင်မသိဘဲယူတဲ့လုပ်ရပ်က မကောင်းတဲ့လုပ်ရပ်လို့ ပြောရမှာပါပဲလေ ။

#2

#3

#4

#5