ဗဟုသုတ

အမှောင်ထဲမှာ သေးငယ်တဲ့ Galaxy လေးလို တောက်ပနေနိုင်တဲ့ မှိုတစ်မျိုး

အမှောင်ထဲမှာ သေးငယ်တဲ့ Galaxy လေးလို တောက်ပနေနိုင်တဲ့ မှိုတစ်မျိုး

မှိုတွေဟာ အလွန်ကောင်းမွန်တဲ့ အရည်အသွေးများ၊ အသုံးပြုမှုများနှင့်အတူ စွဲမက်ဖွယ်ကောင်းတဲ့သက်ရှိများဖြစ်ပါတယ်။

ဒါပေမယ့် ၎င်းတို့ဟာ အမှောင်ထဲမှာလည်း တောက်ပနိုင်တယ်ဆိုတာကိုကော သင်သိပါသလား။

Singapore နိုင်ငံဟာ bioluminescent မှိုအမျိုးမျိုးရှိသည့်နေရာဒေသဖြစ်ပါတယ်။

သို့သော် ဤသဘာဝအတိုင်း ဖြစ်ပေါ်နေသည့်ဖြစ်စဉ်ဟာရာသီအလိုက်သာဖြစ်ပွားလေ့ရှိပြီးအခုလိုတောက်ပတဲ့ဇီဝအလင်းဖြာထွက်မှုရှိသောမှိုအစုအဝေးကြီးကိုတွေ့ရှိရဖို့ကတော့ ရှားပါးပါတယ်။

သို့သော်လည်း မက်ခရိုဓာတ်ပုံဆရာ Nicky Bay ဟာ ရှားပါးတောက်ပတဲ့မှိုများပါသည့် ဓာတ်ပုံစီးရီးတစ်ခုလုံးကိုရိုက်ကူးနိုင်ခဲ့ပါတယ်။

Facebook group များရှိ အခြားစိတ်အားထက်သန်သူများထံမှသူငယ်ချင်းများနှင့် အကြံဉာဏ်များရဲ့အကူအညီဖြင့် Bay ဟာ ဤထူးခြားတဲ့မြင်ကွင်းတွေကို နှစ်အတော်ကြာအောင်လိုက်လံရှာဖွေခဲ့ပြီး သူ့ရဲ့ကြိုးစားအားထုတ်မှုကလည်း များစွာအောင်မြင်ခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ ပထမဆုံးတွေ့ဆုံမှုက မှိုအနည်းငယ်သာမြင်နေရပေမဲ့ အံ့သြစရာပါပဲ ၊ အစပိုင်းတော့ မှိုရဲ့အလင်းရောင်က မှိန်ဖျော့သွားပေမယ့် အမှောင်ထဲမျက်စိကျလာတဲ့အခါ တောက်ပတဲ့ မှော်ဆန်တဲ့ မိုက်ခရိုထီးတစ်လက်လိုဖြစ်လာတယ်၊

အခုတော့ တောက်ပတဲ့မှိုအစုအဝေးကြီးကို လိုက်ရှာနေလေ့ရှိပါတယ်၊

အပင်ပေါက်ပြီး တစ်ရက်အတွင်း မှိုရဲ့အလင်းရောင်က ထိပ်မှာသာရှိရှိနေတတ်လို့ ဓာတ်ပုံကောင်းတွေရရှိဖို့ ရှားပါးပါတယ်

မှိုတွေကရာသီဥတုပေါ်မူတည်ပြီး နှစ်ရက် ဒါမှမဟုတ် သုံးရက်အတွင်း လုံးလုံးပေါက်တတ်တယ်၊

ဒါကြောင့် သူတို့ရဲ့အကောင်းဆုံးအခြေအနေမှာ အစုလိုက်အပြုံလိုက်ကြီးကိုဓာတ်ပုံရိုက်ခွင့်ရဖို့က အလွန်ရှားပါးပြီးစိတ်လှုပ်ရှားစရာဖြစ်စေတယ် “ ဟု Bay ကပြောကြားခဲ့ပါတယ်။

Bay ဟာ ဇီဝအလင်းရောင်မှိုအစုအဝေးကြီးတစ်ခုနှင့် အတွေ့အကြုံတစ်ခုကြောင့် ရရှိလာတဲ့မှော်ဆန်တဲ့မြင်ကွင်းကို “a little galaxy of mushrooms” ဟုရည်ညွှန်းခဲ့ပါတယ်။

ဓာတ်ပုံတွေမှာပင် ၎င်းတို့က အစစ်မဟုတ်ဘူးလို့ထင်ရနိုင်တာကြောင့် ဤတောက်ပတဲ့မှိုလေးများကို လူကိုယ်တိုင်ကြုံတွေ့ရရန် မည်မျှ ဆန်းကြယ်ကြောင်း စိတ်ကူးကြည့်ရန်ခက်ခဲပါတယ်။

လူသိများတဲ့ မှိုမျိုးစိတ်ပေါင်း 148,000ကျော်တွင် 70 ခန့်သာ bioluminescenceကိုပြသကြောင်းသိရှိရပါတယ်။ ဒါ့ကြောင့် Bay ကဒီလိုအတွေ့အကြုံမျိုးက တော်တော်ရှားတယ်လို့ပြောတဲ့အခါ ရယ်စရာတော့မဖြစ်နိုင်ပါဘူး။

crd