News

တစ်နှစ်ဝင်ငွေ ဒေါ်လာသန်း(၄၀)အထိ ရှိနေတဲ့ တက္ကဆက်ပြည်နယ်က (၉)နှစ်သားလေး

တစ်နှစ်ဝင်ငွေ ဒေါ်လာသန်း(၄၀)အထိ ရှိနေတဲ့ တက္ကဆက်ပြည်နယ်က (၉)နှစ်သားလေး

တက္ကဆက်ပြည်နယ်က အသက်(၉)နှစ်သာရှိသေးတဲ့ YouTuber လေးတစ်ယောက်ဟာ YouTube လောကမှာတော့ ဝင်ငွေအကောင်းဆုံးအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဒီလိုရပ်တည်မှုမျိုးကို အဆိုပါကောင်လေးက (၃)နှစ်ဆက်တိုင် စံချိန်ထိမ်းထားနိုင်ခဲ့တာဖြစ်ပြီး၊ အခုနှစ်မှာတော့ သူရဲ့ဝင်ငွေဟာ ဒေါ်လာသန်း(၄၀)အထိ ရှိပါတယ်။

အဆိုပါ YouTuber လေးရဲ့အမည်ကတော့ Ryan Kaji ဖြစ်ပါတယ်။ သူဟာ ကလေးကစားစရာပစ္စည်းတွေကို Review ပေးတာတွေ၊ ဂိမ်းတွေကို ရောင်းအားမြင့်တင်ပေးတာတွေ ပြုလုပ်ပေးရင်းနဲ့ YouTube လောကမှာ အအောင်မြင်ဆုံးအဖြစ် ရပ်တည်နိုင်ခဲ့ပြီး၊ ဝင်ငွေကလည်း ကြောက်ခမန်းလိလိ ဖြစ်ခဲ့ပါတယ်။

Forbes မဂ္ဂဇင်းက နှစ်စဉ်ရွေးချယ်တဲ့ နယ်ပယ်ကဏ္ဍအသီးသီးရဲ့ဝင်ငွေအကောင်းဆုံးစာရင်းမှာ Ryanကိုတော့ တခြား YouTuber တွေမယှဉ်နိုင်သေးပါဘူး။ Ryan ရဲ့ YouTube ချန်နယ်အမည်ကတော့ Ryan’s World ဖြစ်ပြီး၊ Sub ပြုလုပ်ထားသူမှာ (၁၂.၂)ဘီလီယံအထိ ရှိကြောင်း သိရပါတယ်။

သူရဲ့နာမည်ကြီးဗွီဒီယိုဖိုင်ဖြစ်တဲ့-Huge Eggs Surprise Toys Challenge ကိုကြည့်ရှုသူ (၂)ဘီလီယံအထိ ရှိခဲ့ပြီး၊ YouTube သမိုင်းတစ်လျှောက်မှာတော့ လူကြည့်အများဆုံး ထိပ်တန်းဗွီဒီယို (၆၀)စာရင်းမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။

သူရဲ့ YouTube ကနေ ဝင်တဲ့ဝင်ငွေအနက် အရုပ်ထုတ်လေးတွေဖောက်ပြီး၊ ဖြုတ်ခြင်းတပ်ခြင်း မှတ်ချက်များပြောခြင်းစတဲ့-ဗွီဒီယိုလေးတွေကြောင့် ဒေါ်လာ (၂၉.၅)သန်းအထိ ရှိခဲ့ပါတယ်။ အရုပ်ကုမ္ပဏီတွေအနေနဲ့ သူရဲ့ Review ကြောင့် Target, Amazon နဲ့ Walmart တို့ရဲ့ပလက်ဖောင်းတွေကနေယခုနှစ်ရောင်းချနိုင်စွမ်းဟာ ဒေါ်လာသန်း(၂၀၀)အထိ ရှိခဲ့ကြောင်း သိရပါတယ်။

ဒါတင်မကသေးဘဲ Ryan ဟာ Nickelodeon လို့ခေါ်တဲ့ကလေးချန်နယ်တစ်ခုနဲ့လည်း-စာချုပ်ချုပ်ဆိုထားပြီး Ryan’s Mystery Playdate အမည်ရ ဆီရီးစ်တွေ ထုတ်လွှင့်နေပါတယ်။ Ryan ဟာ YouTube ပလက်ဖောင်းကမဟုတ်တဲ့အခြားဝင်ငွေတွေလည်း ရှိနေပြီး၊ပညာရှင်အချို့ရဲ့တွက်ချက်မှုအရ Ryanရဲ့တစ်နှစ်ဝင်ငွေဟာ ဒေါ်လာသန်း(၇၀)ဝန်းကျင်လောက်ထိ ရှိနိုင်ကြောင်း ခန့်မှန်းနေကြပါတယ်။

crd