News

ခြေထောက်တစ်ချောင်းပဲရှိပေမယ့် ဘဝကြီးကို အရှုံးမပေးတဲ့သူ

ခြေထောက်တစ်ချောင်းပဲရှိပေမယ့် ဘဝကြီးကို အရှုံးမပေးတဲ့သူ

မသန်ပေမယ့် စွမ်းပါတယ်။ တကယ်တော့ ဘဝအပေးအခြေအနေအရ မသန်တဲ့ဘဝကိုရောက်ခဲ့ကြရပေမယ့် သူတို့တစ်တွေဟာ သာမန်လူတွေလုပ်နိုင်ခဲတဲ့ အလုပ်တွေ၊ အတတ်ပညာတွေဘက်မှာ ထွန်းပေါက်ကြပါတယ်။ ဒါကြောင့်မို့လည်း မသန်ပေမယ့် စွမ်းတဲ့သူတွေလို့ စကားလုံးလေး ဖြစ်ပေါ်လာခဲ့ရတာပါအခုလည်း ခြေထောက်တစ်ချောင်းပိုင်ရှင် တစ်ယောက်ဟာ သာမန်လူအကောင်းပကတိတစ်ယောက်ထက် နှစ်ဆပင်ပန်းတဲ့အလုပ်တွေကို လုပ်ကိုင်ရင်း မိသားစုရဲ့အဓိကဝင်ငွေကို ရှာဖွေပေးနေပါတယ်။ သူဟာ တောင်ပေါ်ကနေ တောင်အောက်ကို ကုန်တွေသယ်သူ ပို့ဆောင်ပေးတဲ့ အလုပ်ကို လုပ်ပါတယ်။

သူ့နာမည်ကတော့ Allan Aguilar ဖြစ်ပြီး၊ တောင်ဆင်းတောင်တက်နှစ်မိုင်နီးပါးကိုနေ့စဉ်အတက်အဆင်းလုပ်ရင်း 50 ကီလိုဂရမ်အလေးချိန်ရှိတဲ့ ငှက်ပျောသီး၊ ကျောက်မီးသွေး၊ ထင်း စတာတွေကို အထမ်းခယူပြီး သမ္မာအာဇီ၀ လုပ်ကိုင်စားသောက်နေပါတယ်။ Allan ဟာ လက်ရှိအချိန်မှာ ဖိလစ်ပိုင်နိုင်ငံထဲက Brgy ဆိုတဲ့ မြို့မကျရွာမက ဒေသလေးမှာ နေထိုင်ပါတယ်။

ယခင်က Allan ဟာ Leyte မြို့တောင်ပိုင်း Mabicay, Sogod မှာ နေထိုင်ခဲ့ပါတယ်။ အဲဒီတုန်းက သူရဲ့ဖခင်က Allan ကိုတစ်တန်းကျောင်းသားအရွယ်မှာပင် ကျောင်းထုတ်ပြီး အသက် 6 နှစ်မှာ နိုင်တဲ့အလုပ်တွေ ကူလုပ်စေခဲ့ပါတယ်။ လူပျိုပေါက်အရွယ်အထိ အခုလို တောင်တက်တောင်ဆင်းအလုပ်နဲ့ အသက်မွေးခဲ့ပါတယ်။ တစ်နေ့မှာတောင်တက်ရင်း မတော်တဆဖြစ်ပွားပြီး ညာဘက်ခြေထောက် ပြင်းထန်စွာ ဒဏ်ရာရခဲ့ပါတယ်။

ကံဆိုးစွာပဲ ခြေထောက် ဖြတ်ပစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဘဝသမားပေမို့ အိပ်ယာထဲမှာ ကြာကြာမလှဲအား။ လက်လုပ်ချိုင်းထောက်ကလေးနဲ့ အလုပ်ခွင်ပြန်ဝင်ခဲ့ရပါတယ်။ ဖခင်မရှိတော့တဲနောက် Allan နဲ့ အဒေါ်ဖြစ်သူတို့ဟာ Brgy ရွာကို ပြောင်းလာခဲ့ပြီး၊ လောလောဆယ် Brgy ရွာကလေးမှာပဲ သန့်သန့်ရှင်းရှင်း လုပ်ကိုင်စားသောက်နေရှာပါတယ်။

crd