ဗဟုသုတ

သမီးလေး၏မွေးနေ့တွင် ကိတ်မုန့်ဝယ်ပေးဖို့ရာမတတ်နိုင်၍ ဘိလပ်မြေဖျော်ထားတဲ့ အလယ်တွင် မြက်ပင်လေးတွေစိုက်ထူကာ မွေးနေ့ပွဲကျင်းပပေးခဲ့သော မိခင်တစ်ဦး

သမီးလေး၏မွေးနေ့တွင် ကိတ်မုန့်ဝယ်ပေးဖို့ရာမတတ်နိုင်၍ ဘိလပ်မြေဖျော်ထားတဲ့ အလယ်တွင် မြက်ပင်လေးတွေစိုက်ထူကာ မွေးနေ့ပွဲကျင်းပပေးခဲ့သော မိခင်တစ်ဦး

မိဘတိုင်းက သားသမီးတွေကို အရိပ်တကြည့်ကြည့်နှင့် ကြည့်နေခြင်းဖြင့် လိုအပ်သည်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးတတ်ကြပြီး ပျော်ရွှင်စရာလေးတွေ ဖန်တီးပေးတတ်ကြသည်။သို့ဖြစ်၍ ထိုင်းနိုင်ငံမှ ကြင်ဖော်မဲ့ မိခင်တစ်ဦးသည်လည်း ၅နှစ်အရွယ် သမီးလေးကို အလုပ်နားချိန်လေးတွင် ပျော်ရွှင်ဖွယ် အဖိုးတန်မွေးနေ့ပွဲလေးအဖြစ် ကျင်းပပေးခဲ့သည်။

မိခင်ဖြစ်သူသည် စားဝတ်နေရေးအတွက် မိန်းမသားမတန်ပဲ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ရာ သမီးလေးကို အိမ်မှာကြည့်ရှုပေးမည့်သူမရှိ၍ စိတ်မချသည်နှင့် အလုပ်ထဲသို့ ခေါ်သွားခဲ့သည်။ထို့နောက် သမီးလေးဧ။်မွေးနေ့မှန်းသတိရသွားသော မိခင်ဖြစ်သူသည် စားဖို့သောက်ဖို့ပင်အနိုင်နိုင်ဖြစ်နေသည့်အတွက် အခြားသောကလေးငယ်တွေလို မွေးနေ့ကိတ်ဝယ်ပေးဖို့ရာ မတတ်နိုင်ခဲ့ပေ။

သို့သော်လည်း မိခင်ဖြစ်သူသည် သမီးလေးပျော်ရွှင်အောင် လုပ်ငန်းခွင်တွင်ရှိသည့် ဘိလပ်မြေဖျော်ထားတာလေးကို ကိတ်မုန့်ပုံစံအဝိုင်းလေးလုပ်ကာ အလယ်တွင် အနီးနားရှိမြက်ပင်လေးတွေကိုနှုတ်ပြီး ဖယောင်းတိုင်သဖွယ်စိုက်ကာ ကိုယ်တိုင် Birthdayသီချင်းလေးကိုဆိုပေးခဲ့ရင်း မီးလေးပါမှုတ်ခိုင်းခဲ့သေးသည်။

ထိုသို့မပြည့်စုံပေမယ့် ရှိတာလေးနှင့် ပျော်ရွှင်မှုကိုဖန်တီးယူနေသော သားအမိနှစ်ယောက်၏ မြင်ကွင်းလေးသည် အများ၏နှလုံးသားထဲကို ထိုးဖောက်နိုင်ခဲ့သည်။

crd