ဗဟုသုတ

ကံကောင်းခြင်းများယူဆောင်လာစေဖို့ သူမရဲ့အသုဘပွဲအခမ်းအနားမှာ ထီကံစမ်းခွင့်ကိုပါစီစဉ်ထားပေးခဲ့တဲ့ ကွယ်လွန်သူအမျိုးသမီး

ကံကောင်းခြင်းများယူဆောင်လာစေဖို့ သူမရဲ့အသုဘပွဲအခမ်းအနားမှာ ထီကံစမ်းခွင့်ကိုပါစီစဉ်ထားပေးခဲ့တဲ့ ကွယ်လွန်သူအမျိုးသမီး

အမျိုးသမီးတစ်ဦးဟာ ဤကမ္ဘာမှ ပျော်ရွှင်စွာ နှုတ်ဆက်ထွက်ခွါသွားနိုင်ရန်အလွန်စိတ်ပိုင်းဖြတ်ထားခဲ့ပြီး သူမရဲ့အသုဘကိုပါတီတစ်ခုအဖြစ်ပြောင်းလဲကာ ပွဲလာဧည့်သည်များအား ကံကောင်းစေရန်အတွက် ထီလက်မှတ်များကိုပါ ကံစမ်းစေခဲ့ပါတယ်။ အသက် ၃၈ နှစ်အရွယ် Evelyn Hoi အမည်ရှိအမျိုးသမီးဟာ ရောဂါနှင့်လေးလကြာတိုက်ပွဲအပြီးမှာ မကြာသေးမီကဘဲ အဆုတ်ကင်ဆာဖြင့် ကွယ်လွန်သွားခဲ့ပါတယ်။

အသက် ၄၁ နှစ်အရွယ် သူမခင်ပွန်း Royston Lim က ဇနီးဖြစ်သူဟာ ဇွန်လလောက်က ရင်ဘတ်အောင့်ခြင်းကိုစတင်ညည်းညူခဲ့ပြီး ဆရာဝန်ထံသွားတွေ့ပြီးနောက်မှာ သူမဟာ နောက်ဆုံးအဆင့်အဆုတ်ကင်ဆာဟူတဲ့ရောဂါလက္ခဏာကိုသိရှိခဲ့ရကြောင်း ပြီးခဲ့တဲ့တနင်္လာနေ့က Shin Min Daily News သို့ပြောကြားခဲ့ပါတယ်။

ဘဏ်တစ်ခု၌ PR မန်နေဂျာအဖြစ်အလုပ်လုပ်ခဲ့တဲ့ Hoi ဟာ ဆေးလိပ်မသောက်ဘဲ ပုံမှန်ဘဝဖြင့်သာနေထိုင်ခဲ့သူပါ။ ရောဂါအားမသိရခင်တစ်လအလိုတွင် အနည်းငယ်ချောင်းဆိုးနေခဲ့ပေမဲ့ Hoi က ၎င်းကိုသေးငယ်တဲ့ရောဂါတစ်ခုလို့သာထင်နေခဲ့ပါတယ်။ ကင်ဆာရောဂါကိုနောက်ဆုံးအဆင့်မှာသိရတာကြောင့် ကုသမှုအခြေအနေမှာလည်းဆိုးရွားလာခဲ့ပါတယ်။

ထို့ကြောင့် မကွယ်လွန်မီ ၁၀ ရက်အလိုမှာ Hoi ဟာ သူမ၏ဈာပနအစီအစဉ်ကို ကိုယ်တိုင်စတင်စီစဉ်ခဲ့ကြောင်း Limကပြောကြားခဲ့သလို Hoi ရဲ့အစ်မဖြစ်သူကလည်း Hoi ဟာ အခြားသူတွေကိုစေတနာထားပြီး ကူညီတတ်တဲ့သူတစ်ဦး ဖြစ်သလို သူမအနေနဲ့အခြားသူတွေကိုစိတ်ဆိုးစေချင်တဲ့အဖြစ်မျိုးမလုပ်ချင်တာကြောင့် သူမရဲ့ဈာပနကို “ပျော်ရွှင်စရာ” အခါသမယဖြစ်စေချင်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။

Hoiဟာသူမရဲ့နောက်ဆုံးခရီးကိုပျော်ရွှင်စရာကောင်းအောင်လုပ်ချင်ခဲ့ပြီးဈာပနာပွဲအပြင်အဆင်ကိုလည်းဝမ်းနည်းစရာကောင်းနေတာမျိုးမဖြစ်အောင် အပြု သဘောဆောင်တဲ့အပြင်အဆင်မျိုးကိုစီစဉ်ပေးဖို့ပါတောင်းဆိုခဲ့ပါတယ်။ထို့ပြင် Hoi ဟာ ဈာပနာပွဲရှိဧည့်သည်များအားလုံးကို ကံကောင်းခြင်းတွေယူဆောင်လာပေးဖို့ ထီလက်မှတ် အစောင် ၂၀၀ ကိုပါ တစ်ယောက်စီကံစမ်းကြဖို့အတွက်ပါ တောင်းဆိုခဲ့ပါသေးတယ်။ သူမရဲ့အခေါင်းဘေးတစ်ဖက်တစ်ချက်စီမှာ သက်တန့်ပုံပူစီဖောင်းများနှင့် သူမရဲ့အသုဘဓာတ်ပုံကိုလည်း သရဖူဆောင်းထားတဲ့ပုံဖြင့်ပြုလုပ်ပေးခဲ့ကြပါတယ်။

Hoi မှာ branded အိတ်များစွာရှိပေမဲ့ သူမမကွယ်လွန်ခင်မှာ ၎င်းတို့ကို သူမရဲ့သူငယ်ချင်းများနှင့်မိသားစုများအား အမှတ်တရပစ္စည်းအဖြစ်လည်းဝေဌာပေးခဲ့ပါသေးတယ်။ မသေဆုံးမီ ခြောက်နာရီအလိုတွင် Hoi ဟာ သူမအတွက်အလွန်အဆင်မပြေဖြစ်နေခဲ့ပေမဲ့ Lim ၊ သူမရဲ့မိဘများနှင့်အစ်မဖြစ်သူထံသို့ နှုတ်ဆက်စာများရေးခဲ့ပြီး ၎င်းစာတွေကို သူမကွယ်လွန်ပြီးနောက်မှသာ ဖတ်ကြဖို့လည်းတောင်းဆိုခဲ့ပါတယ်။

Hoi ဟာ သူမရဲ့ဈာပနာကို သူမစိတ်ဆန္ဒအတိုင်းပြုလုပ်ခွင့်ရခဲ့ပေမဲ့ သူမအတွက်တစ်ခုတည်းသောလုပ်ခွင့်မရလိုက်တဲ့ဆန္ဒမှာကမ္ဘာ့ပတ်ပြီးခရီးသွားခြင်းဘဲဖြစ်ပါတယ်။ Hoiရဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးခဲ့ပြီးနောက် Lim ဟာ“သူမနဲ့လက်ထပ်တာကငါ့အတွက်ကံအကောင်းဆုံးအရာပဲ” ဟု ဂုဏ်ယူစွာဖြင့် ဖြေကြားခဲ့ပါသေးတယ်။

crd