ဗဟုသုတ

ယာဉ်အသွားအလာများလွန်းတဲ့လမ်းမကြီးပေါ်မှာ ပြိုင်ကားအသေးလေးနဲ့ ထင်းတွေအပြည့်သယ်ကာ မောင်းနင်နေခဲ့တဲ့ အမျိုးသားကြောင့် တအံ့တဩ ဖြစ်ကြရ

ယာဉ်အသွားအလာများလွန်းတဲ့လမ်းမကြီးပေါ်မှာ ပြိုင်ကားအသေးလေးနဲ့ ထင်းတွေအပြည့်သယ်ကာ မောင်းနင်နေခဲ့တဲ့ အမျိုးသား

အချို့သောလူတွေရဲ့ အလုပ်ပြီးမြောက်အောင် တီထွင်ကြံဆတတ်တဲ့ အတွေးတွေက တစ်ဖက်ကမ်းခက်အောင် တော်လွန်းတယ်လို့ပြောရမှာပါပဲ ။ ဒီတစ်ခေါက်မှာလည်း ဘရာဇီးနိုင်ငံက အမျိုးသားတစ်ဦးဟာ Go-Kart ဆိုတဲ့ ပြိုင်ကားအသေးလေးနဲ့ ထင်းတွေအပြည့်သယ်ပြီး ယာဉ်အသွားအလာများလွန်းတဲ့ လမ်းမကြီးပေါ်မှာ မောင်းနင်နေခဲ့တာပါ ။

ကားက အရမ်းသေးငယ်နေလို့ အချို့ယာဉ်မောင်းတွေ သတိမထားမိရင် အန္တရာယ်ကြုံတွေ့နိုင်တဲ့အဖြစ်မျိုးပါ ။ဒါပေမဲ့လည်းအဆိုပါအမျိုးသားက ကျွမ်းကျင်ပိုင်နိုင်စွာမောင်းနေခဲ့လို့ အနောက်ကနေလိုက်ပါလာတဲ့ ယာဉ်တစ်စီးက အမိအရ video ရိုက်ကူးပြီး social media ပေါ် ဝေမျှခဲ့ပါတယ် ။

အချို့သောသူများကတော့ အဆိုပါ Go-Kart ကားငယ်မျိုးကို ဘရာဇီးနိုင်ငံမှာ အတော်များများလမ်းမကြီးပေါ်မောင်းနင်လေ့ရှိကြောင်းမှတ်ချက်ပေးရေးသားခဲ့ကြပါတယ် ။

တစ်ကယ့်ကို အခြားယာဉ်မောင်းတွေအတွက်ပါ အန္တရာယ်များလွန်းတဲ့ လုပ်ရပ်လို့ ပြောရမှာပါပဲလေ ။

crd