News

ရေးမြို့နယ်မှာ သောင်လာတင်တဲ့ ကျားငါးမန်းကြီး

ငါးမန်းကျားလို့ယူဆရသည့်ငါးသောင်တင်

ရေးမြို့နယ်တောင်ပိုင်း မွန်ပြည်နယ်…

(4.10.2022)ရက် သိတင်းကျွတ်လ္ဆန်း(၁၀)ရက်နေ့ နေ့လည်(၁၁)နာရီအချိန်ခန့်တွင် ရေးမြို့နယ်(သဲခုံကျေးရွာ)အနိး သဲသောင်ပြင်တွင်အရှည်(၁၂)တောင်ခန့်ရှိ (ငါးမန်းကျား)လို့ခေါ်တဲ့ငါးတကောင် လာရောက်သောင်တင်နေတယ်လို့ဒေသခံ၏ပြောချက်အရ သိရှိရပါသည်………….

“အဲ့ဒီ ဝေလငါးမန်းကို ပိုက်ဆွဲရင်းနဲ့တွေ့ကြတာလို့ သိရတယ်။ သောင်ပေါ်မှာတင်သွားပြီး မကြာဘူး ငြိမ်ကျသွားတယ်။ အရှည်က (၁၈) ပေလောက်ရှိတယ်။ မြို့နယ်ငါးဦးစီးဌာနကိုလည်း အကြောင်းကြားပေးခဲ့ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

အဆိုပါ သောင်းတင်သေဆုံးခဲ့သည့် ဝေလငါးမန်းအား သက်ဆိုင်ရာမှ လာရောက်စစ်ဆေးပြီးနောက် ညနေပိုင်း ရေပြန်တက်သည့်အချိန်တွင် ပင်လယ်ထဲသို့ ပြန်မျှောလိုက်ကြကြောင်း ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် (၂၀၁၉) ခုနှစ် ဧပြီလ (၁၈) ရက် နံနက်ပိုင်းကလည်း မွန်ပြည်နယ် ရေးမြို့နယ် ဇီးဖြူသောင်ကျေးရွာ ပင်လယ်ဝသဲသောင်ပြင်ပေါ်တွင် အလျား (၁၇) ပေရှိ ပင်လယ်လင်းရှူးတစ်ကောင် သောင်တင်သေဆုံးခဲ့ဖူးကြောင်း နှင့် အဆိုပါ သောင်တင်သေဆုံးနေသည့် ပင်လယ်လင်းရှူးအား ဒေသခံများမှ ကမ်းခြေတွင် မြေမြှုပ်ခဲ့ကြကြောင်း သိရသည်။







Credit-ရေး