News

“လူစိတ်ကင်းမဲ့သော ဖခင်တစ်ဦးက ပေးသော ဒုက္ခ “

ထိုင်းနိုင်ငံ မဲ့ဆောက် မြို့မှ မြန်မာ အမျိုးသမီး တစ်ဦး သည် ကိုယ်ဝန်သုံးလအချိန်ကတည်းက လင်ယျောက်ကျား စွန့်ပစ်ခြင်းခံခဲ့ရသည်

သွားစရာနေစရာ မရှိသဖြင့်မဲ့ဆောက် မြို့ ဘတ်နှစ်ရာ ဈေးနားအိမ်တစ်အိမ်ကမြန်မာ အမျိုးသမီး တစ်ယောက် သွေးမတော်သားမစပ်ခေါ်တင်ကျွေးမွေးထားခဲ့သည်

မွေးရက်စေ့လို့ မဲ့ဆောက် ဆေးရုံ ကြီးမှာ သွားရောက်စဉ်ဗိုက်ထဲကခလေးက အမွှာပူး ဖြစ်သောကြောင့် ခွဲမွေးရမည်ဟု ဆေးရုံ ကပြောသည်..

မဲ့ဆောက် ဆေးရုံ ကတော့ ခလေးနှစ်ဦးကို တော့ခွဲစိတ်မွေးပေးခဲ့ပါသည်..

သို့သော် မွေးစရိတ် ဘတ်သုံးသောင်း ပေးရမည်ဆိုသောအခါ ပေးစရာပိုတ်ဆံ လည်း တစ်ဘတ်မှမရှိ ဖြစ်နေသည်..

နောက်ဆုံး ဆေးရုံ က ခလေးတစ်ယောက်ကိုခေါ်ထားမယ် ပိုတ်ဆံ ဘတ်သုံးသောင်းမရရင်တောင်ရှိသလောက် လာပေးမှ ခလေးလာပြန်ယူဟု ပြောခဲ့ကြောင်း ခလေးအမေမှ ပြောကြားပါသည်.

စားစရာလည်းမရှိ နေစရာလည်းမရှိကျန်ခဲ့တဲ့ခလေးတစ်ယောက်ကို ပြန်ရွေးယူပြီးမြန်မာ ပြည်ပြန်လိုကြောင်း ငိုယိုကာ ကျွန်တော့အား အကူအညီ လာတောင်းသဖြင့် ပို့စ်တင်ပေးရခြင်းဖြစ်သည်..

မဲ့ဆောက် မှာရှိကြတဲ့ တတ်နိုင်တဲ့သူများကူညီပေးကြပါ အုံးဗျာ..🙏🙏🙏

လုပ်ပေးနိုင်သလောက်တော့ လုပ်ပေးသွားမှာပါ

အကူအညီ ပေးချင်သူများရှိပါက ဆက်သွယ်ပေးကြပါ

ခလေးကို ပြန်ရွေးပြီး သူတို့သားအမိကိုမြန်မာပြည် ပြန်ပို့ပေးချင်ပါသည်..

ကူညီပေးချင်သူများ ဆက်သွယ်ပေးပါ

0944422057

#zaymyo