ဗဟုသုတ

အမှိုက်တွေ ကောက်ယူရောင်းချတဲ့ အလုပ်မျိုးကိုသာလုပ်ပြီး စိုက်ပျိုးမြေဧကအကျယ်ကြီးကိုဝယ်ယူနိုင်ခဲ့တဲ့ အဘိုးအို

အမှိုက်တွေ ကောက်ယူ၊ရောင်းချတဲ့ အလုပ်မျိုးကိုသာလုပ်ပြီး စိုက်ပျိုးမြေဧကအကျယ်ကြီးကိုဝယ်ယူနိုင်ခဲ့တဲ့ အဘိုးအို

ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ အသက် 70 အရွယ် Ba Kraham အမည်ရှိတဲ့ အဘိုးအိုဟာ အလုပ်မျိုးစုံကို လုပ်ဖူးခဲ့သူတစ်ဦးဖြစ်ပါတယ် ။ ဆောက်လုပ်ရေးဝန်ထမ်းအဖြစ်လုပ်ကိုင်ခဲ့ပြီး အသက်အရွယ်ကြီးရင့်လာတော့ အနားယူခဲ့ပါတယ် ။ နောက်ပိုင်း အိမ်မှာအသုံးမလိုတဲ့လူတစ်ယောက်လို မဖြစ်ချင်လို့ ဇနီးဖြစ်သူနဲ့အတူ စိုက်ပျိုးရေးအလုပ်လုပ်ကိုင်ခဲ့ပါတယ် ။

5 နှစ်အကြာမှာတော့ ကျန်းမာရေးအခြေအနေဆိုးလာလို့ အနားယူခဲ့ပြီး အမှိုက်ကောက်တဲ့အလုပ်မျိုးကိုသာ10 နှစ်ခန့်လုပ်ကိုင်ခဲ့ပါတယ် ။အမှိုက်တွေကောက်ပြီး ရောင်းချတဲ့အလုပ်ဟာ တစ်လကိုဝင်ငွေ ဘတ် 10,000အထိရရှိခဲ့ပြီးနောက် ၊အဆိုပါငွေတွေကိုစုဆောင်းကာ 12 ဧကအကျယ်ရှိတဲ့ ခြံတစ်ခုကို ဝယ်ယူနိုင်ခဲ့ပါတယ် ။ အဘိုးအိုရဲ့ခြံကိုကြိုက်နှစ်သက်ပြီး လာရောက်ဝယ်ယူသူတွေ ရှိခဲ့ပေမဲ့လည်း အဘိုးအိုက သားသမီးတွေအတွက် ချန်ရစ်ထားခဲ့မှာမို့ မရောင်းဖို့ဆုံးဖြတ်ခဲ့ပါတယ် ။

အဘိုးအိုကတော့ ယနေ့အထိရပ်တည်လာနိုင်ခဲ့တဲ့ သူ့ရဲ့ယုံကြည်ချက်ကိုဝေမျှခဲ့ပါတယ် ။ ‘ သင်သာ ရိုးသားကြိုးစားမယ်ဆိုရင် အခွင့်အရေးတွေက သင့်ဆီအရောက်လာမှာပါ ၊ ကမ္ဘာပေါ်မှာရှိတဲ့ အရာရာတိုင်းကို သင်လုပ်နိုင်ပါတယ် ၊ ကျွန်တော့်လိုပေါ့ ၊ ကျွန်တော်ကတော့ တစ်ခါးမှ အမှိုက်တွေကို ရွံစရာလို့ မတွေးထင်ခဲ့ပါဘူး ၊ ဘာလို့လည်းဆိုတော့ သူတို့တွေက ကျွန်တော့်ကိုပိုက်ဆံရှာပေးနေလို့ပါ ၊ တခြားအလုပ်လည်း လုပ်စရာမလိုဘူး ၊ အလုပ်မှာလည်း သူဋ္ဌေးဆိုတာရှိမနေဘူး ၊ အဲ့တော့ နေ့တိုင်း အလုပ်ပျော်ပျော်ရွှင်ရွှင် လုပ်နေရပါတယ် ‘ ဆိုပြီး အဘိုးအိုက ပြောပြခဲ့ပါတယ် ။

“အခြားသူတွေ ကိုယ့်ကို ဘယ်လိုပဲထင်ထင်ကိုယ့်ရဲ့အိမ်မက်ကိုသာပျော်ပျော်ရွှင်ရွှင်နဲ့ဆက်ပြီးအကောင်အထည်ဖော်နေပါ ၊အောင်မြင်မှုဆိုတဲ့အရာက ကိုယ်လုပ်ဆောင်ခဲ့တဲ့အရာပေါ် မူတည်နေတာပါ ၊ အခြားလူတွေပေါ် မူတည်နေတာမဟုတ်ပါဘူး” ဆိုပြီးတော့လည်းအဘိုးအိုကထပ်လောင်းပြောပြသွားခဲ့ပါသေးတယ် ။

crd