ဗဟုသုတ

အိမ်မှာကလေးထိန်းပေးမည့်သူ မရှိတာကြောင့် စာသင်ခန်းထဲသို့ ညီမလေးဖြစ်သူကို ပွေ့ချီထားရင်း ကျောင်းတက်ခဲ့ရသော ကလေးမလေး

အိမ်မှာ ကလေးထိန်းပေးမည့်သူမရှိတာကြောင့် စာသင်ခန်းထဲသို့ ညီမလေးဖြစ်သူကို ပွေ့ချီထားရင်း ကျောင်းတက်ခဲ့ရသော ကလေးမလေး

လောကကြီးတွင် ငွေကြးချမ်းသာသူတို့ဧ။်သားသမီးများသည် ဇိမ်ခံကားကြီးကိုစီးပြီး မိဘအုပ်ထိန်းသူများမှ ကျောင်းအကြိုအပို့လုပ်ပေးတာမျိုး ခံစားခွင့်ရပေမယ့် အချို့သော ဆင်းရဲသားကလေးများအဖို့ ဘယ်လောက်ဝေးဝေးကျောင်းကိုကိုယ်တိုင်လမ်းလျှောက်သွားရကာအဆင်မပြေသည့်ကြားကပညာကို သင်ယူကြရသည်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံ ဝေးလံခေါင်သီသော တောင်ပေါ်ကျေးလက်ဒေသတွင် နေထိုင်သည့် အသက်၁၂နှစ်အရွယ် ကလေးမလေးသည် မောင်နှမတွေထဲမှာ အကြီးဆုံးဖြစ်ကာ အိမ်မှုကိစ္စများကို နိုင်နိုင်နင်းနင်းလုပ်ကိုင်ခဲ့ရသည်။

ကလေးမလေးဧ။် မိဘနှစ်ပါးသည် လက်လုပ်လက်စားသမားတွေဖြစ်တာကြောင့် နေ့စဉ် သူများခြံ၊လယ်ယာတွေမှာ အလုပ်သမားအဖြစ်လုပ်ကိုင်ရင်းနဲ့ စားဝတ်နေရေးအတွက် ဝင်ငွေရှာခဲ့သည်။

ကလေးမလေးသည် ကျောင်းဖွင့်ရက်တွင်လည်း အိမ်မှာညီမလေးဖြစ်သူကို ကြည့်ပေးမည့်သူမရှိတာကြောင့် စာသင်ခန်းထဲထိ ခေါ်ဆောင်သွားခဲ့ရကာ လက်တစ်ဖက်က ပွေ့ချီထားရင်းနဲ့ စာသင်ခဲ့ရပြီး ဆရာ ဆရာမများကလည်း တပည့်မလေးရဲ့အဖြစ်ကို နားလည်ပေးကာ အတန်းထဲကလေး ခေါ်ဆောင်လာ ခွင့်ပြုထားခဲ့သည်။

crd